Connect with us

Social

မြန်မာ-မလေးရှား နှစ်နိုင်ငံ အစိုးရချင်း သဘောတူ ဆောင်ရွက်မှု အစီအစဉ်အရ တရားဝင် လုပ်ကိုင်ခွင့် ရရန် ဇူလိုင်လကုန် ပိုင်းတွင် အပြီး ဆောင်ရွက် ပေးသွားမ

ကွာလာလမ်ပူမြို့မြင်ကွင်း အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြန်မာ-မလေးရှား နှစ်နိုင်ငံ အစိုးရချင်း သဘောတူ ဆောင်ရွက်မှု အစီအစဉ် (Government to Government) အရ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားသူ များအနက်မှ ထုတ်ပေးရန် ကျန်ရှိနေသော မလေးရှားရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁,၇ဝဝ ကျော်အား ဇူလိုင်လကုန် ပိုင်းတွင် အပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

Service Provider ကုမ္ပဏီ အနေဖြင့် မြန်မာ-မလေးရှား နှစ်နိုင်ငံ သဘော တူညီချက် အရ ၂ဝ၁၄ ခုနှစ် ဇွန်လမှ စတင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း သဘော တူညီချက်အရ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးသူ ၁၃,၄၂၇ ဦးရှိရာ ကုမ္ပဏီသို့ တရားဝင် လာရောက်၍ Biometric Registration လျှောက်ထားသူ ၆,၉၂၆ ဦးသာ ရှိကြောင်း၊ မြန်မာ ရွှေ့ပြောင်း လုပ်သား ၅,ဝဝဝ ကျော်အား တရားဝင် အလုပ် လုပ်ကိုင်ခွင့် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသော ၁,၇ဝဝ ကျော်အား လာမည့် ဇူလိုင်လကုန် ပိုင်းတွင် အပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မလေးရှား အစိုးရ အနေဖြင့် G2G အစီအစဉ်၏ Biometric Registration လျှောက်ထားမှုအား ယခုနှစ် မတ်လ ပထမပတ်တွင် ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လျှောက်ထားပြီး သူများသာ မလေးရှား အလုပ်သမား ဥပဒေအတိုင်း တရားဝင် အလုပ် လုပ်ကိုင်ခွင့် လုပ်ပေးသွားမည်ဖြစ်သည်။

မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် လျှောက်ထားလျှင် (G to G) အစီအစဉ်အရ အဆင့် လေးဆင့်အား ဖြတ်ကျော်ပြီး သည်နှင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။

လျှောက်ထားသူသည် မလေးရှား အစိုးရအား အဆင့်လိုက် မလေးရှားရင်းဂစ် ၄,ဝဝဝ ကျော် ပေးသွင်းရပြီး နှစ်နိုင်ငံ Service Provider ကုမ္ပဏီအား မလေးရှား ရင်းဂစ် ၈ဝဝ ပေးသွင်းရမည် ဖြစ်သည်။ အဆင့်ဆင့် စစ်ဆေးမှုတွင် ဆေးကျလျှင် (သို့မဟုတ်) အချက်အလက်များ မပြည့်စုံလျှင် မလေးရှားနိုင်ငံ ဥပဒေအရ ၁၄ ရက်အတွင်း မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်ကြောင်း ၎င်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.