Connect with us

Sport

သုဝဏ္ဏ အားကစားကွင်း အတွင်း ပွဲကြည့်စင်မှ ဆိုးသွမ်း ပရိသတ် အချို့ကြောင့် လစ်လပ် ၊ ပျက်စီးနေသည့် ထိုင်ခုံများကို အသစ် ပြန်လည် ဖြည့်တင်း တပ်ဆင်မှုများ ဆောင်ရွက်

ပျက်စီးနေသည့် ထိုင်ခုံများကို ပြန်လည် အသစ် ဖြည့်တင်း တပ်ဆင်နေစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်းကြီး အတွင်းရှိ ပွဲကြည့်စင်များပေါ်တွင် ဆိုးသွမ်း ပရိသတ် အချို့ကြောင့် လစ်လပ်လျက် ရှိသည့် ထိုင်ခုံများ နှင့် ပျက်စီးနေသည့် ထိုင်ခုံများကို ပြန်လည် အသစ် ဖြည့်တင်း တပ်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပွဲကြည့်စင်များပေါ်မှ ဆိုးသွမ်း ပရိသတ် အချို့ကြောင့် ပြန်လည် ဖြည့်တင်း တပ်ဆင်မှု ပြုလုပ်ခဲ့သည့် ခုံ အရေအတွက်မှာ ၂၆၅ ခုံဖြစ်ပြီး ပွဲကြည့်စင်များ ပေါ်တွင် တပ်ဆင်ထားသည့် ခုံများ အနက်မှ ပျက်စီးနေသည့် ထိုင်ခုံများကိုလည်း အသစ် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆိုးသွမ်း ပရိသတ် အချို့၏ အပြုအမူများကြောင့် ဖီဖာနှင့် အာရှ ဘောလုံးအဖွဲ့ချုပ် တို့၏ ပြစ်ဒဏ်ချမှတ် မှုများကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် လွန်ခဲ့သည့် နှစ်များ အတွင်း ခံခဲ့ရပြီး နောက်ဆုံး ချမှတ်ထားခဲ့သည့် ပြစ်ဒဏ်တွင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ကျင်းပခဲ့သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အတွင်း ပရိသတ် တစ်ဦး ကွင်းအတွင်း ဝင်ရောက် ခဲ့သောကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ်မှ ဒဏ်ငွေအဖြစ် ဒေါ်လာ ၂၅၅၀၀ နှင့် တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ ထိုဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိအောင် ပြိုင်ပွဲတိုင်းတွင် ပရိသတ်များအား ပညာပေး စည်းရုံးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.