ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ (CPC) အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာအို ပြည်သူ့တော်လှန်ရေးပါတီ(LPRP)ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ လာအိုနိုင်ငံသမ္မတ Thongloun Sisoulithနှင့် နိုဝင်ဘာ ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
တူရကီနိုင်ငံသည် ရုရှားနိုင်ငံနှင့် နောက်ထပ် နျူကလီးယားစွမ်းအင်စက်ရုံ တည်ဆောက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရန် ဆုံးဖြတ်ခဲ့သဖြင့် ရုရှားနိုင်ငံကို အနောက်နိုင်ငံက အထီးကျန်ဖြစ်စေရန်ကြိုးပမ်းချိန်၌ စွမ်းအင်လိုအပ်နေသော တူရကီနိုင်ငံက ၎င်း၏ ပြည်တွင်း စွမ်းအင်ဖူလုံမှုရှိရေးအတွက် လက်တွေ့ဆန်မှုက အလေးထားဖွယ်ရာရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။ (Xinhua) xhtxs.cn/Cgd ……………………………………………… Türkiye boosts nuclear cooperation...
တရုတ်နိုင်ငံ ပြည်မကြီး၌ ပြည်တွင်းကူးစက်ခံရသည့် COVID-19 အတည်ပြုလူနာပေါင်း ၄,၀၈၀ ဦးရှိကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua) xhtxs.cn/CgQ ——————————- The Chinese mainland on Wednesday reported 4,080 locally transmitted confirmed #COVID19 cases...
“HIV/AIDS ကို နှစ်ပေါင်း ၄၀ ကျော် ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်းအဖြစ် ဆက်လက်ရှိနေတဲ့ ဒီစိန်ခေါ်မှုတွေကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Csaba Korosi က ပြောကြားခဲ့သည်။ (Xinhua) ……………………………………………… UN General Assembly president says goal...
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွန်းချွန်းလန် (Sun Chunlan) က နိုင်ငံအနေဖြင့် COVID-19 ရောဂါတုံ့ပြန်မှုအား စဉ်ဆက်မပြတ် သင့်တင့်အောင် ဆောင်ရွက်ခြင်း၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။ (Xinhua) ———————— Vice premier stresses optimizing COVID-19 response Chinese Vice Premier Sun...
ဗြိတိန်နိုင်ငံသည် တရုတ်ကုမ္ပဏီများအတွက် မျှတသောစီးပွားရေးပတ်ဝန်းကျင်တစ်ခု နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သောအခြေအနေများအား ဖန်တီးပေးလိမ့်မည် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Cgv ————————— China hopes Britain will nurture bilateral cooperation: FM spokesperson Chinese...
ရုရှားနိုင်ငံက ၂၀၂၃ ခုနှစ်တွင် ၎င်းတို့၏ မဟာဗျူဟာမြောက်နျူကလီးယားစွမ်းအားများအတွက် အဓိက အဆောက်အအုံများ တည်ဆောက်ရေးကို အထူးအလေးထားဆောင်ရွက်သွားမည်ဟု ဆိုသည်။ (Xinhua) xhtxs.cn/Cgp ————————— (English Version) Russian DM stresses development of strategic nuclear forces Russia will “pay...
ကျန်ဇီမင်းသည် ခံယူချက်ခိုင်မာပြီး လုပ်ဆောင်ချက် ပြတ်သားသူ ဖြစ်သည်။ ၎င်းသည် ပါတီနှင့်ပြည်သူကို အစဉ်အမြဲ ဦးထိပ်ထားသလို ပါတီ၏စံနှုန်းစံထားများနှင့်ယုံကြည်ချက်ကို မလွဲမသွေ လိုက်နာခဲ့သည်။ အရေးကြီးအခိုက်အတန့်တွင် ကျန်ဇီမင်းသည် ပြတ်သားသည့်ဆုံးဖြတ်ချက်နှင့် သီအိုရီအရ ဆန်းသစ်တီထွင်မှု ပြုလုပ်ရန် ကြီးမားသောရဲစွမ်းသတ္တိ ရှိခဲ့သည်။ (Xinhua)xhtxs.cn/Cf3 ———————————– Jiang was firm in...
ရှန်ကျိုး-၁၅ အာကာသအတွင်း ပြန်လည်ဆုံစည်းမှုသည် တရုတ်နိုင်ငံ၏ အာကာသစခန်းအတွင်း ဂြိုဟ်ပတ်လမ်းကြောင်းတွင် ပထမဆုံးသော အလှည့်ကျတာဝန်ထမ်းဆောင်မှု ဖြစ်သည်။ အာကာသယာဉ်မှူး ခြောက်ဦးသည် စီစဉ်ထားသည့် တာဝန်များကို ပြီးမြောက်စေရန်နှင့် လွှဲပြောင်းရသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် အချိန်ငါးရက်ခန့် အတူတကွ နေထိုင်၊ လုပ်ဆောင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua) xhtxs.cn/CeD —————————–...
အလေးချိန် ၁၄.၉ ကီလိုဂရမ်ရှိသည့် ပင်လယ်လိပ်တစ်ကောင်သည် ရှပ်ပြေးရေယာဉ် သို့မဟုတ် သဲတူးသင်္ဘော ဒလက်ကြောင့် ဖြစ်ဟန်တူသော ဒဏ်ရာကို ရေရှည်ကုသရမည် ဖြစ်သော်လည်း X-rays စစ်ဆေးမှုတွင် ထပ်မံစိုးရိမ်ရန်မရှိဟု ဖော်ပြထားသည်။ (Xinhua)xhtxs.cn/Cek ————————- Rare Royal Turtle with severely fractured shell rescued...