Connect with us

Social, Education & Health

ပေကျင်းမြို့တွင် COVID-19 အန္တရာယ်အလယ်အလတ်အဆင့်ဧရိယာ နောက်ထပ် ထပ်တိုး

တရုတ်နိုင်ငံ ပေကျင်းမြို့၊ ဆွန်းရီခရိုင်ရှိ ကွာရန်တင်းဟိုတယ်တစ်ခု၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇန်နဝါရီ ၁ ရက်က COVID-19 အန္တရာယ် အလယ်အလတ်အဆင့်ဧရိယာ နောက်ထပ် ထပ်တိုးလိုက်သဖြင့် ယင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အလယ်အလတ်အဆင့်ဧရိယာ စုစုပေါင်း ၆ ခုအထိ ရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဆွန်းရီခရိုင်ရှိ နန်ချိုင်ကျေးရွာကို ဇန်နဝါရီ ၁ ရက်နေ့က စတင်၍ အလယ်အလတ်အဆင့် အန္တရာယ်ရှိသောဒေသအဖြစ် အဆင့်မြှင့်တင်လိုက်ကြောင်း စင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Pang Xinghuo က ဇန်နဝါရီ ၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

နောက်ဆုံး ပြည်တွင်းကူးစက်မှုအများဆုံးတွေ့ရှိခဲ့သည့် ဆွန်းရီခရိုင်တွင် ဇန်နဝါရီ ၁ ရက် မွန်းတည့်ချိန်အထိ အနီးကပ်ထိတွေ့မှုရှိသူ ၁,၇၅၀ ဦးကို ခြေရာခံတွေ့ရှိခဲ့ကြောင်းသိရသည်။ ၎င်းတို့အားလုံးသည် သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်နေထိုင်လျက်ရှိကြောင်း ခရိုင်အစိုးရ ဒုတိယအမှုဆောင် အကြီးအကဲ Zhi Xianwei က သတင်းထောက်များကို ပြောခဲ့သည်။

ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီအထိ တာဝန်ရှိသူများက လူပေါင်း ၁၀၉,၀၀၀ ဦးကို nucleic acid စမ်းသပ်စစ်ဆေးမှုအတွက် နမူနာများရယူခဲ့ရာတွင် လူ ၁၀၁,၇၀၀ ဦးထံ၌ ရောဂါပိုး ကူးစက်ခံရခြင်းမရှိကြောင်းကို တွေ့ရှိခဲ့ကြောင်းနှင့် ကျန်ရှိသော စစ်ဆေးမှုရလဒ်များလည်း ထပ်မံထွက်ရှိလာမည်ဖြစ်ကြောင်း ခရိုင်တာဝန်ရှိသူက ပြောသည်။

အဆိုပါခရိုင်တွင် လူအများအပြား စုဝေးနိုင်သည့် စီးပွားရေးဆောင်ရွက်မှုများကို ယာယီဖျက်သိမ်းခဲ့ပြီး အုပ်စုဖွဲ့စားသောက်ပွဲများနှင့် နှစ်သစ်ကူးပါတီပွဲများ ပြုလုပ်ခြင်းကို တားမြစ်ထားသလို ရုပ်ရှင်ရုံများနှင့် ရေကူးကန်များကိုလည်း ပိတ်ထားခဲ့ကြောင်း Zhi က ဆိုသည်။

ကပ်ရောဂါ တားဆီးရေးနှင့်ထိန်းချုပ်ရေး အရှိန်မြှင့်တင်ရန် ပေကျင်းရှိ ဝန်ထမ်းသစ်များအနေဖြင့် ဇန်နဝါရီ ၁ ရက်မှစ၍ ၎င်းတို့၏ လုပ်ငန်းခွင်သို့ ပထမဆုံးမဝင်ရောက်မီ သုံးရက်အတွင်း စစ်ဆေးထားသည့် ပိုးကင်းစင်ကြောင်း nucleic acid စစ်ဆေးမှုလက်မှတ် ပြသရန်လိုအပ်ကြောင်း မြူနီစီပယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ရှူဟဲကျန့်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

—————————————–
(English Version)
Beijing adds another medium-risk area for COVID-19
Source: Xinhua| 2021-01-01 23:50:27|Editor: huaxia
BEIJING, Jan. 1 (Xinhua) — Beijing added another medium-risk area for COVID-19 on Friday, increasing the city’s total medium-risk areas for coronavirus to six, a local health official said.
Nancai Village in Shunyi district was upgraded to a medium-risk region starting on Friday, Pang Xinghuo, deputy director of the center, told a press briefing on Friday.
Shunyi district, where most of the latest locally transmitted cases were reported, had traced 1,750 close contacts by midday Friday. All of them went into quarantine at designated places, Zhi Xianwei, executive deputy head of the district government, told reporters.
By 3 p.m. Friday, authorities sampled 109,000 people for nucleic acid tests, and 101,700 people tested negative. The results of the rest are yet to come, said the district official.
Zhi said the district has temporarily canceled commercial activities designed for large groups of people, banned group meals and year-end parties, and shut down places like theaters and swimming pools in the district.
To beef up epidemic prevention and control, new employees in Beijing need proof of negative results of nucleic acid tests taken within three days prior to their first day of work starting Friday, said Xu Hejian, a spokesperson for the municipal government, at the press conference. ■
A medical worker is seen at a quarantine hotel in Shunyi District of Beijing, capital of China, Dec. 31, 2020. (Xinhua/Chen Zhonghao)