Connect with us

Science & Technology

တရုတ်နိုင်ငံ၏ လကမ္ဘာသွား အာကာသယာဉ် နမူနာပစ္စည်းများနှင့်အတူ အောင်မြင်စွာ ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ Siziwan Banner သို့ ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်စောပိုင်းတွင် ဆင်းသက်ခဲ့သည့်နေရာ၌ ဝန်ထမ်းများ လုပ်ကိုင်ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) သည် လမျက်နှာပေါ်မှ စုဆောင်းထားသော နမူနာပစ္စည်းများနှင့်အတူ အိမ်အပြန်ခရီးကိုနှင်ခဲ့ရာတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း၌ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ ယင်းမှာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင်နမူနာပစ္စည်းများကို သွားရောက်စုဆောင်းသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ အာကာသယာဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Siziwang Banner သို့ ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသားအာကာသာစီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။Chang’e-5 သည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး သမိုင်းတွင် ရှုပ်ထွေးပြီး စိန်ခေါ်မှုအရှိဆုံး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ Siziwan Banner သို့ ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်စောပိုင်းတွင် ဆင်းသက်ခဲ့သည့်နေရာ၌ ဝန်ထမ်းများ လုပ်ကိုင်ဆောင်ရွက်နေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ Siziwan Banner သို့ ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်စောပိုင်းတွင် ဆင်းသက်ခဲ့သည့်နေရာ၌ ဝန်ထမ်းများ လုပ်ကိုင်ဆောင်ရွက်နေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း)သည် တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Siziwang Banner သို့အောင်မြင်စွာ ဆင်းသက်ခဲ့ပုံကို ပေကျင်းမြို့ရှိ လေကြောင်းပျံသန်းရေးထိန်းချုပ်စင်တာမှဖမ်းယူရရှိသော ပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ လေကြောင်းပျံသန်းရေးထိန်းချုပ်စင်တာတွင် နည်းပညာရှင်များ အလုပ်လုပ်နေသည်ကို ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ လေကြောင်းပျံသန်းရေးထိန်းချုပ်စင်တာတွင် နည်းပညာရှင်များ အလုပ်လုပ်နေသည်ကို ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် သတ်မှတ်နေရာသို့ အောင်မြင်စွာ ပြန်လည်ဆင်းသက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၇ ရက်တွင် ပေကျင်းမြို့လေကြောင်းပျံသန်းမှုထိန်းချုပ်ရေးစင်တာ၌ နည်းပညာရှင်များ အချင်းချင်းလက်ဆွဲနှုတ်ဆက်၍ ဂုဏ်ပြုနေကြစဉ်(ဆင်ဟွာ)

 တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း)ဆင်းသက်ခဲ့ရာ တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Siziwang Banner ၌ ဒီဇင်ဘာ ၁၇ ရက်တွင် ဝန်ထမ်းများစုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း)သည် တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Siziwang Banner သို့အောင်မြင်စွာ ဆင်းသက်ခဲ့ပုံကို ပေကျင်းမြို့ရှိ လေကြောင်းပျံသန်းရေးထိန်းချုပ်စင်တာမှဖမ်းယူရရှိသော ပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ လပေါ်ဆင်းသက်ယာဉ် (lander) ၊ လပေါ်မှနမူနာပစ္စည်းများနှင့် ပျံတက်ယာဉ် (ascender) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်ကို နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ lander-ascender ပေါင်းစပ်ယာဉ်သည် လမျက်နှာပြင်၏ အနီးဆုံးဘက်ခြမ်း၊ မုန်တိုင်းများ၏ သမုဒ္ဒရာဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ ဒီဇင်ဘာ ၁ ရက်က ဆင်းသက်ခဲ့သည်။ ယင်းနောက် လမျက်နှာပြင် နမူနာပစ္စည်းများကို ယူဆောင်၍ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ကမ္ဘာမြေသို့ အပြန်ခရီးကို နှင်ခဲ့ရာတွင် ယခုကဲ့သို့ အောင်မြင်စွာပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————–
(English Version)
(EyesonSci)China’s spacecraft brings home moon samples

BEIJING, Dec. 17 (Xinhua) — The return capsule of China’s Chang’e-5 probe touched down on Earth in the early hours of Thursday, bringing back the country’s first samples collected from the moon, as well as the world’s freshest lunar samples in over 40 years.

The spacecraft landed in Siziwang Banner, north China’s Inner Mongolia Autonomous Region, according to the China National Space Administration.
The team also conducted nearly 30 terrain surveys of the landing area.

Chang’e-5 is one of the most complicated and challenging missions in China’s aerospace history. It is also the world’s first moon-sample mission in more than 40 years.

The Chang’e-5 probe, comprising of an orbiter, lander, ascender and a returner, was launched on Nov. 24, and its lander-ascender combination touched down on the north of the Mons Rumker in Oceanus Procellarum, also known as the Ocean of Storms, on the near side of the moon on Dec. 1

.
The returner of the probe is expected to land at the Siziwang Banner in north China’s Inner Mongolia Autonomous Region in mid-December. Enditem