Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19ရောဂါဖြစ်ပွားသူ ၁၁၁,၉၀၀ဦးအနက် သေဆုံးသူ ၂,၃၄၆ ဦး ရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံ၌ COVID-19ရောဂါအတည်ပြု လူနာ စတင်တွေ့ရှိချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၁၁,၉၀၀ဦး အနက်လူနာ၂,၃၄၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရသိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၂၃၃ စစ်ဆေးတွေ့ရှိပြီး သေဆုံးသူ ၂၇ ဦးရှိခဲ့ကြောင်း သိရသည်။

COVID-19ရောဂါဖြစ်ပွားသူ ၁၁၁,၉၀၀ဦးတွင် ယနေ့(ဒီဇင်ဘာ ၁၆ ရက်)ထိ ဆင်းရုံဆင်းခွင့်ရရှိသူ ၉၀,၄၅၃ ဦးရှိကြောင်း သိရသည်။

အဆိုပါCOVID-19 ကုသရေးဌာနများတွင် တက်ရောက်နေသော COVID-19 ပိုးတွေ့လူနာများအနက် ရောဂါလက္ခဏာနှင့် ရောဂါအခံများလည်းမရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသောသူအချို့အား COVID-19 ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခုထားရှိပြီးနောက် နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် ဈေးများ၊ စက်ရုံ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများအား အချင်းချင်း အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူလူထုအတွင်း ပိုမိုလိုက်နာကြစေရေး ပိုမိုကြီးကြပ် ဆောင်ရွက်ပေးစေလိုကြောင်း ဝန်ကြီးက ဆိုသည်။ (Xinhua)