Connect with us

Africa & Middle East

ယီမင်သမ္မတဟောင်း အား သတ်ဖြတ်ခဲ့ကြောင်း ဟူသီအဖွဲ့ကြေညာ

ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလတ် အားတွေ့ရစဉ် (ဆင်ဟွာ/Reuters)

ဆာနား၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဟူသီသူပုန်အဖွဲ့၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလတ်၊ ၎င်း၏ တူဖြစ်သူ နှင့် ဆွေမျိုးများ၊ ဆာလတ်ပါတီ၏ အထွေထွေအတွင်းရေးမှူးတို့ သတ်ဖြတ်ခဲ့ကြောင်း ဒီဇင်ဘာ ၄ရက်က အတည်ပြုပြောကြားခဲ့သည်။

၎င်းက ဆာလတ် နှင့် ၎င်းပါတီ၏ လက်ထောက်အတွင်းရေးမှူး Yasser al-Awadhi တို့သည် ဆာနားမြို့အစွန်အဖျား အရှေ့တောင်ဘက် ရှိ Khawlan ခရိုင်ကို ဖြတ်၍ ဆော်ဒီကျောထောက်နောက်ခံ အစိုးရက ထိန်းချုပ်ထားသည့် Marib ပြည်နယ်သို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အသတ်ခံရခြင်းဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

တာဝန်ရှိသူက ဆာလတ်၏ တူဖြစ်သူ Tarek သည် မြို့တော်ဆာနားမြို့ Haddahရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် အသတ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဆာလတ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Arif al-Zuka သည်လည်း ဆာနားမြို့၌ပင် အသတ်ခံရကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

မြို့တော်ဆာနားမြို့ နှင့် ပတ်ဝန်းကျင်ရှိ ပြည်နယ်များ၏ လုံခြုံရေးအခြေအနေ နှင့် တိုက်ပွဲများ လျော့နည်းသက်သာလာပြီဖြစ်ကြောင်း သိရသည်။

သို့သော် ဆော်ဒီဦးဆောင်သောာ ညွန့်ပေါင်းတပ်ဖွဲ့၏ စစ်လေယာဉ်များသည် မြို့တော်ပေါ်၌ ဆက်လက်ပျံဝဲနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.