မော်စကို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရုရှားဘက်၏ အဆိုပြုချက်အရ ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ဒီဇင်ဘာ ၂၈ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ရုရှား ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်၏ ရုရှားလေပိုင်နက်အတွင်း...
ကိဗ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အထူးပင် အလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး အားကောင်းလာစေရန် မျှော်လင့်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ဇယ်လန်းစကီးသည် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ်...
ဂျာမနီနိုင်ငံ အလယ်ပိုင်း၊ မက်ဂ်ဒီဘာ့ဂ်မြို့ရှိ ခရစ္စမတ်ဈေးတစ်ခုတွင် ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ကားတစ်စီးက လူအုပ်ကြီးထဲသို့ အရှိန်ဖြင့်ဝင်တိုက်ခဲ့သဖြင့် လူ ၅ ဦးထက်မနည်း သေဆုံးကာ လူ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ရိုင်နာ ဟာဆလော့ဖ်၏ ပြောကြားချက်ကိုကိုးကား၍ ဂျာမန်သတင်းဌာန dpa က...
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန်များ ထပ်တိုးသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ဥရောပသမဂ္ဂကို ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Scholz က ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးကာလတွင် ပြစ်တင်ဝေဖန်ခဲ့ပြီး ညှိနှိုင်းမှုဖြင့် ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် ဒီဇင်ဘာ ၁၉ ရက်က ထပ်မံတိုက်တွန်းခဲ့သည်။ ယခုအချိန်တွင်...
အသစ်တင်မြှောက်ခံထားရသည့် ဥရောပကော်မရှင်အနေဖြင့် အမေရိကန် အစိုးရသစ်က လုပ်ဆောင်ဖွယ်ရှိသော ကုန်သွယ်ရေး အစီအမံများကို တုံ့ပြန်ရင်ဆိုင်ရန်အတွက် ဖိအားများ မြင့်တက်လာသကဲ့သို့ မူဝါဒရေးရာ မရေရာမှုများ၊ ဖွဲ့စည်းမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း အပူတပြင်း ရှာဖွေနေရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZCS …………………… (English Version)...
ရိုမေးနီးယားနိုင်ငံ၏ အဖြူရောင်ပန်းပွဲတော်အကြောင်း သိရှိကြပါသလော။ ယင်းသည် ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူး ရိုးရာဓလေ့များကို အများပြည်သူသို့ မိတ်ဆက်ပေးသည့် ဒေသန္တရ နည်းလမ်းတစ်ခုဖြစ်ကာ အဆိုပါ ပွဲတော်အတွင်း ကျေးလက်ရိုးရာဂီတ အဆိုရှင်များနှင့် တီးဝိုင်းများက ရိုးရာတေးသီချင်းများ၊ အကအခုန်များဖြင့် ဖျော်ဖြေတင်ဆက်၍ နှစ်သစ်၌ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး သာယာလှပမှုတို့ ပြည့်ဝစေရန် ဆုတောင်းလေ့ရှိသည်။ (Xinhua)...
ပဲရစ်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ဒီဇင်ဘာ ၁၃ ရက်တွင် ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ ဥက္ကဋ္ဌ Francois Bayrou ကို ဝန်ကြီးချုပ်သစ်ရာထူး ခန့်အပ်ခဲ့ပြီး အမျိုးသားလွှတ်တော်၏ စွပ်စွဲတင်ခံရမှုကြောင့် နုတ်ထွက်ခဲ့သည့် Michel Barnier နေရာ၌ အစားထိုးရန် ခန့်အပ်လိုက်ကြောင်း...
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအား မကြုံစဖူး ဖျက်သိမ်းခဲ့သည့်အပေါ် ရိုမေးနီးယားနိုင်ငံ၏ နိုင်ငံရေးပုဂ္ဂိုလ်များ၊ ပြည်သူများက အကြီးအကျယ် အမျက်ဒေါသထွက်လျက်ရှိကာ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့၌ တင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်။ ရိုမေးနီးယား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး (CCR) က ပထမအကျော့ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဗဟိုရွေးကောက်ပွဲဗျူရိုက ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ဒီဇင်ဘာ...
ပဲရစ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်သည် ဖိတ်ကြားမှုအရ ပဲရစ်မြို့ရှိ Notre-Dame ဘုရားရှိခိုးကျောင်း ပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်လာသော အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်၊ ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးတို့နှင့် ဒီဇင်ဘာ ၇ ရက်က အီလီဇီး နန်းတော်၌ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။...
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Notre-Dame de Paris ဘုရားရှိခိုးကျောင်းမှာ မီးဘေးသင့်မှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ပြီးနောက် ၅ နှစ်အကြာတွင် ပြန်လည်မွမ်းမံ တည်ဆောက်ထားသော အဆိုပါ ဘုရားရှိခိုးကျောင်းအား ဒီဇင်ဘာ ၇ ရက်က တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zp7 #France...