Connect with us

International Organizations

ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်း တို့က “လက်တွေ့ဆောင်ရွက်မှုဖြင့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို ကို အတူတကွ လက်တွေ့အကောင်အထည်ဖော်ရန်” ဟူသည့် ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးပွဲပြုလုပ်

ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်း တို့က “လက်တွေ့ဆောင်ရွက်မှုဖြင့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အတူတကွ အကောင်အထည်ဖော်ရန်” ဟူသည့် ခေါင်းစဉ်ဖြင့် အွန်လိုင်း ဆွေးနွေးပွဲပြုလုပ်တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့စဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း)

ပေကျင်း ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

ပိုးလမ်းမလမ်းကြောင်းတစ်လျှောက်ရှိ အရပ်ဘက်အဖွဲ့အစည်း တို့က “လက်တွေ့ဆောင်ရွက်မှုဖြင့် ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အတူတကွ အကောင်အထည်ဖော်ရန်” ဟူသည့် ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲအား ကုလသမဂ္ဂ ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ တရုတ် ၊ ထိုင်း ၊ လာအို ၊ မြန်မာ ၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများမှ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်ပေါင်း ၅၀ ခန့် တက်ရောက် ခဲ့ကြသည်။

ကုလသမဂ္ဂ အာရှ-ပစိဖိတ် စီးပွားရေး နှင့် လူမှုရေး ကော်မတီ ၊ ပတ်ဝန်းကျင် နှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန ဌာနမှူး Stefanos Fotiou က ကုလသမဂ္ဂ ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြပေး ခဲ့ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အား အကောင်အထည်ဖော်နိုင်ရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အရပ်ဘက်အဖွဲ့အစည်း နိုင်ငံတကာ ဖလှယ်မှုမြှင့်တင်ရေး ဒုတိယ အတွင်းရေးမှူး ချန်းဝမ်ခဲ နှင့် တရုတ် နိုင်ငံမှ ပညာရှင်များ ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဝါရင့်သတင်းစာဆရာကြီးဦးကိုကို ၊ လာအို နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ စသည့် နိုင်ငံတို့မှ ကိုယ်စားလှယ်များက ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ၊ တန်းတူညီမျှသည့် ပညာရေး ရရှိရေး ၊ လိင်ခွဲခြားဆက်ဆံမှုမရှိရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ကဏ္ဍများတွင် အရက်ဘက်အဖွဲ့အစည်းများ၏ သက်ရောက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်း မှ လက်တွေ့ကျသောလုပ်ဆောင်မှုများ ပြုလုပ်ရန် တိုက်တွန်း ခဲ့ကြကြောင်း ၊ ထို့ပြင် ပညာရှင်များက လူမှုစီးပွားပူးတွဲဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်အား အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် တိုက်တွန်းခဲ့ကြသည်။ (Xinhua)

#SilkRoad #NGO #ပိုးလမ်းမ #ဆွေးနွေးပွဲ #ဆင်ဟွာ #Xinhua