Connect with us

International Organizations

နှစ်သစ်ကူးနေ့တွင် ကလေးငယ် ၃၉၅,ဝဝဝ ဦးမွေးဖွားကြောင်းယူနီဆက်ပြော

လသားအရွယ် ကလေးငယ်တစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) တွင် ကမ္ဘာတစ်ဝန်း၌ ခန့်မှန်းခြေ ကလေးငယ် ၃၉၅,ဝ၇၂ ဦးမွေးဖွားခဲ့ကြောင်း ၊ ၎င်းတို့အနက် လေးပုံတစ်ပုံမှာ တောင်အာရှဒေသတွင်ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့(UNICEF) ၏ ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

“ညဉ့်သန်းခေါင်ယံ နာရီအချက်ပေးသံထွက်ပေါ်ချိန် ဆစ်ဒနီမြို့မှာ ခန့်မှန်းခြေ ၁၆၈ ဦး ၊ တိုကျိုမြို့မှာ ၃၁ဝ ဦး ၊ ပေကျင်းမြို့မှာ ၆ဝ၅ ဦး ၊ မက်ဒရစ်မြို့မှာ ၁၆၆ ဦး နဲ့နောက်ဆုံးအနေနဲ့ နယူးယောက်မြို့မှာ ၃၁၇ ဦး အသီးသီးမွေးဖွားခဲ့ကြပါတယ်” ဟု ယူနီဆက်က ဆိုသည်။ ၂ဝ၁၉ ခုနှစ်အတွက် ပထမဆုံးမွေးဖွားသော ကလေးငယ်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဖီဂျီကျွန်းနိုင်ငံမှ ကလေးငယ်တစ်ဦးဖြစ်ကြောင်း ယူနီဆက်က ဆက်လက်ပြောကြားခဲ့သည်။

နှစ်သစ်ကူးနေ့တွင် ကလေးအများဆုံးမွေးဖွားခဲ့သော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး စုစုပေါင်း ၇ဝ,ဝဝဝ နီးပါးမွေးဖွားခဲ့ကြောင်း ၊ ဒုတိယနေရာတွင် တရုတ်နိုင်ငံက ၄၅,ဝဝဝ နီးပါး နှင့် နိုင်ဂျီးရီးယားနိုင်ငံက ၂၅,ဝဝဝ ကျော်ရှိခဲ့ပြီး ယင်းနောက်တွင် အမေရိကန်နိုင်ငံက ၁၁,ဝဝဝ ဦးခန့်အသီးသီး မွေးဖွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဆယ်စုနှစ်သုံးခုကျော်အတွင်း ကမ္ဘာကြီးသည် ကလေးငယ်များအသက်ရှင်သန်မှုတွင် “ စံပြုမှတ်တမ်းတင်ရလောက်အောင်တိုးတက်မှု” ရှိခဲ့ကြောင်း ၊ ကမ္ဘာတစ်ဝန်း၌ ငါးနှစ်အောက် ကလေးသေဆုံးမှုကို ထက်ဝက်ကျော်အထိ လျှော့ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဒါပေမယ့် မွေးစ ကလေး တိုးပွားနှုန်းက နှေးကွေးနေပါသေးတယ်။ ငါးနှစ်အောက်ကလေးတွေအနက် ကလေးသေဆုံးမှုရဲ့ ၄၇ ရာခိုင်နှုန်းဟာ မွေးကင်းစ ပထမဆုံးလမှာ ဖြစ်နေပါတယ်” ဟု ယူနီဆက်က ဆိုသည်။ ၂ဝ၁၇ ခုနှစ်တွင် မွေးကင်းစ ကလေးငယ် ၁ သန်းခန့်မီးတွင်း၌ သေဆုံးခဲ့ရကြောင်း နှင့် ၂.၅ သန်းမှာ မွေးပြီး တစ်လအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသွားသောကလေးငယ်များအနက် အများစုမှာ ကြိုတင်ကာကွယ်၍ ရနိုင်သော အနေအထားများဖြစ်သည့် နေ့စေ့လစေ့ မွေးဖွားမှု မဟုတ်ခြင်း ၊ မွေးဖွားစဉ် ခက်ခဲသောအခြေအနေများဖြင့်ကြုံတွေ့ရခြင်း နှင့် သွေး နှင့် အအေးမိရောဂါကဲ့သို့သော ကူးစက်ရောဂါတစ်မျိုးမျိုးခံစားရခြင်းတို့ကြောင့် ဖြစ်ကြောင်း ယူနီဆက်က ဆိုသည်။

ယူနီဆက်၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Charlotte Petri Gornitzke က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မွေးစကလေးအသက်ရှင်နှုန်းတိုးတက်လာစေရန် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပေးခြင်း နှင့် မွေးခန်းသုံးတန်ဆာပလာများ အလုံအလောက်ဖြည့်ဆည်းခြင်းများ လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.