International Organizations
ဘာစီလိုနာ အမျိုးသမီးအသင်းက လီဂါအက်ဖ်လိဂ်ချန်ပီယံဆုကို ခုနစ်ကြိမ်ဆက်တိုက် ဆွတ်ခူး
မက်ဒရစ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းက အက်စပန်ညိုအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် လီဂါအက်ဖ် ချန်ပီယံဆုကို ဧပြီ ၂၂ ရက်၌ ဆွတ်ခူးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် အဆိုပါ လီဂါအက်ဖ်လိဂ်ချန်ပီယံဆုကို Carla Julia ၊ Caroline Graham Hansen နှင့် Martine Fenger တို့၏ ဂိုးများဖြင့် ခုနစ်ကြိမ်ဆက်တိုက်အဖြစ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယင်းက စပိန်နိုင်ငံတွင် ၎င်းတို့အသင်း၏ လွှမ်းမိုးမှုကို ထင်ရှားစေခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် လိဂ်ပွဲစဉ် ၂၆ ပွဲတွင် ၂၅ ပွဲ အနိုင်ရခဲ့ပြီး ဖြစ်နိုင်ခြေရှိသော ၇၈ မှတ်မှ ၇၅ မှတ် ရရှိခဲ့သည်။ ၎င်းအသင်းသည် ၁၁၆ ဂိုး သွင်းယူထားပြီး ခုနစ်ဂိုးသာ ပေးခဲ့ရကာ နိုဝင်ဘာလတွင် ရီးရဲလ် ဆိုစီဒက်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဝေးကွင်းပွဲစဉ်က တစ်ခုတည်းသော ရှုံးပွဲဖြစ်သည်။
နိုဝင်ဘာလတွင် ခြေထောက်ကျိုးသွားခြင်းကြောင့် ငါးလကြာ အနားယူခဲ့ရပြီး မကြာသေးမီကမှ လေ့ကျင့်ရေး အပြည့်ပြန်ဆင်းနိုင်ခဲ့သည့် ကြယ်ပွင့်ကစားသမား အိုင်တာနာ ဘွန်မာတီ မပါဝင်နိုင်ခဲ့သော်လည်း အောင်မြင်မှု၏ အတိုင်းအတာမှာ ပိုမိုမြင့်မားလာခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်ရာသီက အာဆင်နယ်အသင်းပြီးလျှင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပြီးနောက် စတုတ္ထမြောက် အမျိုးသမီးချန်ပီယံလိဂ်ချန်ပီယံဆု ရရှိရန် ပစ်မှတ်ထားနေသည့် ဘာစီလိုနာအသင်းသည် ဧပြီ ၂၅ ရက်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ Castellon မြို့ရှိ Castallia အားကစားကွင်းတွင် ကျင်းပသည့် ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုဘီဘာအိုအသင်းတို့၏ စပိန်အမျိုးသမီးစူပါဖလားပွဲစဉ်အတွင်း ဂိုးရရှိပြီးနောက် အောင်ပွဲခံနေသည့် ဘာစီလိုနာအသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ Castellon မြို့ရှိ Castallia အားကစားကွင်းတွင် ကျင်းပသည့် ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုဘီဘာအိုအသင်းတို့၏ စပိန်အမျိုးသမီးစူပါဖလားပွဲစဉ်အတွင်း ဂိုးရရှိပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေသည့် ဘာစီလိုနာအသင်းမှ Ona Batlle (ယာဘက်ဒုတိယ) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Barcelona women win seventh consecutive league title
MADRID, April 22 (Xinhua) — FC Barcelona clinched the Liga F title on Wednesday with a 4-1 win away to Espanyol.
Goals from Carla Julia, Caroline Graham Hansen and Martine Fenger secured the victory, as Barcelona sealed its seventh consecutive league title to underline its dominance in Spain.
Barcelona has won 25 of its 26 league matches this season, collecting 75 points from a possible 78. The team has scored 116 goals and conceded just seven, with its only defeat a 1-0 loss away to Real Sociedad in November.
The scale of the achievement is heightened by the absence of star player Aitana Bonmati, who missed five months with a broken leg suffered in November and has only recently returned to full training.
Barcelona will face Bayern Munich on Saturday, targeting a fourth Women’s Champions League title after finishing runner-up to Arsenal last season. ■
English Caption 1
Ona Batlle (L) of Barcelona celebrates a goal with teammate during the Spanish Women Super Cup Match between Barcelona and Athletic Bilbao at Castallia Stadium in Castellon , Spain, Jan. 21, 2026. (Photo by Pablo Morano/Xinhua)
English Caption 2
Players of Barcelona celebrate a goal during the Spanish Women Super Cup Match between Barcelona and Athletic Bilbao at Castallia Stadium in Castellon , Spain, Jan. 21, 2026. (Photo by Pablo Morano/Xinhua)
English Caption 3
Ona Batlle (2nd R) of Barcelona celebrates a goal with teammates during the Spanish Women Super Cup Match between Barcelona and Athletic Bilbao at Castallia Stadium in Castellon , Spain, Jan. 21, 2026. (Photo by Pablo Morano/Xinhua)
