မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲအတွက် ထောက်ခံမဲစစ်တမ်းကောက်ယူမှုတွင် ဖာဒီနန်မားကိုစ့်ဂျူနီယာက ဆက်လက်ဦးဆောင်လျက်ရှိကြောင်း ၂၀၂၂ ခုနှစ် မေ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အကြိုထုတ်ပြန်သော စစ်တမ်းတစ်ခုအရ သိရသည်။
နယူးဒေလီ ၊ မေ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ ဈေးနှုန်းချိုသာသော ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ လေယာဉ်တစ်စင်းသည် မေ ၁ ရက် နှောင်းပိုင်းက လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ရုတ်တရက်လေပွေလှိုင်းတစ်ခုဖြင့်ကြုံတွေ့ခဲ့ရာ အနည်းဆုံး ခရီးသည် ၁၄ ဦး နှင့် လေယာဉ်အမှုထမ်း ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာက...
ချန်ချွမ်း ၊မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဧပြီ ၃၀ ရက်တွင် အသက် ၁၀၆ နှစ်အရွယ်ရှိ COVID-19 လူနာ အဖွားအိုတစ်ဦးသည် ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ယခုနှစ်၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ စွမ်းဆောင်နိုင်ရန် ယုံကြည်မှု ၊ လုပ်နိုင်စွမ်းများ နှင့် အခြေအနေများ ရှိကြောင်း နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံချက်ရေးဆွဲသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသည် မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်းများ ၊ ဘိုးဘွားရိပ်သာများ ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများအား ပြီးခဲ့သည့်ရက်ပိုင်းတွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။