Connect with us

Culture

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ဘုန်းတော်ကြီးကျောင်း ၊ ဘိုးဘွားရိပ်သာ ၊ ဆေးရုံကြီး နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့အား ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်းပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့မှတစ်ဆင့် ဘုန်းတော်ကြီးများအား ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်းပေးအပ်စဉ်(ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသည် မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့မှတစ်ဆင့် ဘုန်းတော်ကြီးကျောင်းများ ၊ ဘိုးဘွားရိပ်သာများ ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ ကပ်ရောဂါကာကွယ်ရေးပစ္စည်းများအား ပြီးခဲ့သည့်ရက်ပိုင်းတွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာပြည်သူများ ကပ်ရောဂါအတွက်ကိုယ်ခံအားအတားအဆီးမြှင့်တင်ပေးကာ ကပ်ရောဂါကာကွယ်ရေးရလဒ်ခိုင်မာစေရန် ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။

ထိုသို့ လှူဒါန်းပေးအပ်ရာတွင် ဘုန်းတော်ကြီးကျောင်း ၄၉ ကျောင်း၊ ဘိုးဘွားရိပ်သာ ၁၂ ခု ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ နှာခေါင်းစည်း ၃၆၀,၀၀၀ ခု စသည့် ကပ်ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.