ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာအုပ်စု တောင်ညိုရွာသစ်ကျေးရွာတွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက ကျောက်ဆွေးမြေများတူးရာမှ မြေပြိုကျမှု ဖြစ်ပွားပြီး သုံးဦးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်
နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရန် ကော်မတီဖွဲ့ရေး အဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် မကွေးတိုင်းဒေသကြီး အမဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရေးအတွက်...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား ဖေဖော်ဝါရီလ ၅ ရက်တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်း ပြောကြားရန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) က ဖိတ်ကြားခဲ့ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌရုံး ဒုတိယအကြီးအကဲ ဒရူး...
တိုကျို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ချီးဘားစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သည် ဇန်နဝါရီ ၂၈ ရက် က ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံလုပ်ငန်းတစ်ခုအပေါ် ပိတ်ပင်တားမြစ်မှုများ ချမှတ်ခဲ့ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။