Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်အား ဖေဖော်ဝါရီ ၅ ရက်တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်း ပြောကြားရန် ပလိုစီ ဖိတ်ကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား ဖေဖော်ဝါရီလ ၅ ရက်တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်း ပြောကြားရန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) က ဖိတ်ကြားခဲ့ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌရုံး ဒုတိယအကြီးအကဲ ဒရူး ဟမ်မီလ် (Drew Hammill) က ပြောကြားခဲ့သည်။

“ဇန်နဝါရီလ ၂၃ ရက် နေ့စွဲဖြင့် စာရေးသားလိုက်တဲ့စာထဲတွင် ကျွန်မတို့ ဒီနှစ်ရဲ့ နိုင်ငံတော်အခြေပြုမိန့်ခွန်း ပြောကြားဖို့ အစိုးရယန္တရားပြန်ဖွင့်တဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သောရက်ကို အတူတကွရှာသင့်ကြောင်း ဖော်ပြလိုက်ပါတယ်” သမ္မတ ထရမ့်ထံ ရေးသားသည့်စာတွင် ပလိုစီက ရေးသားထားပြီး ဇန်နဝါရီလ ၂၈ ရက် နေ့လယ်ပိုင်းတွင် ဟမ်မီလ်က တွစ်တာပေါ်၌ ဝေမျှခဲ့သည်။ “ဒီကနေ့ ကျွန်မတို့ ပြောဆိုခဲ့ရာမှာတော့ ဖေဖော်ဝါရီလ ၅ ရက်မှာ မိန့်ခွန်းပြောဖို့ သဘောတူခဲ့ကြပါတယ်” ဟု သိရသည်။

“ထို့ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ကွန်ဂရက် ပူးတွဲအစည်းအဝေး မကျင်းပမီ နိုင်ငံတော်အခြေပြု မိန့်ခွန်းပြောကြားရန် ဖိတ်ကြားလိုက်သည်” ဟု ထိုစာ၌ ဖော်ပြထားသည်။

ပလိုစီသည် ထရမ့်အား နှစ်စဉ် နိုင်ငံတော်အခြေပြုမိန့်ခွန်းကို ဇန်နဝါရီလ ၂၉ ရက်တွင် ပြောကြားရန် ဖိတ်ကြားခဲ့သော်လည်း အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေသည့်အတွက် လုံခြုံရေးအခြေအနေ အကြောင်းပြကာ မိန့်ခွန်းပြောကြားရန် နှောင့်နှေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.