ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) “သေရေးရှင်ရေးအကျပ်အတည်း” နှင့် “ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း” ဆိုသည့် အမည်ခံဖြင့် ပြင်ပကျူးကျော်မှု စတင်ခြင်းသည် ဂျပန်စစ်ဝါဒ၏ သုံးနေကျလှည့်ကွက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ဝါဒ ပြန်လည်ရှင်သန်စေသည့် မည်သည့်ကြံစည်ကြိုးပမ်းမှုကိုမဆို အထူးသတိရှိ၍ ပြတ်ပြတ်သားသား တားဆီးဆန့်ကျင်ကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပြီး...
ပေကျင်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် လျိုကျင့်ဆုန်းသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် အိုရှန်းနီးယားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Kanai Masaaki နှင့် နိုဝင်ဘာ ၁၈ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်များအရ သိရသည်။ ဆွေးနွေးစဉ်အတွင်း...
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ထိုင်ဝမ်နှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှတ်ချက်များမှာ အလွန်မှားယွင်းပြီး အန္တရာယ်များကြောင်း တရုတ်သံတမန်တစ်ဦးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ “သူတို့က တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်တာဖြစ်သလို တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်နဲ့ ဂျပန်အကြား နိုင်ငံရေးသဘောတူစာချုပ်လေးခုရဲ့...
တိုကျို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဂျပန်ပြည်သူများအနေဖြင့် နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒသုံးရပ်အား ပြန်လည်ပြင်ဆင်ခြင်းကိုလည်းကောင်း၊ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ဦးတည်ကြိုးပမ်းမှုများကို ဆန့်ကျင်သော လုပ်ရပ်မှန်သမျှကိုလည်းကောင်း လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်း အိုကီနာဝါစီရင်စု အုပ်ချုပ်ရေးမှူး ဒန်နီ တာမာခိက နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်ဟု ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ယခုရက်ပိုင်းများတွင် ထိုင်ဝမ်နှင့်သက်ဆိုင်သော ပြောင်ပြောင်တင်းတင်း ရန်စသည့် ပြောဆိုချက်များကို လူသိရှင်ကြား ဖော်ပြခဲ့ရာ တရုတ်ပြည်မကြီးက ထိုင်ဝမ်ဒေသအပေါ် အင်အားသုံးခြင်းက ဂျပန်နိုင်ငံ၏ “ရပ်တည်ရှင်သန်မှုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေသည့် အခြေအနေ” ဖြစ်နိုင်ကြောင်း ကြေညာပြောကြားခဲ့သည်။
ဆိုးလ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) လတ်တလောကာလအတွင်း တောင်ကိုရီးယား-ဂျပန်သမိုင်း၊ နယ်မြေပိုင်နက် စသည့် အရေးကိစ္စများတွင် ဂျပန်နိုင်ငံ၏ ပြောဆိုချက်များကို စိုးရိမ်ပူပန်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့် ပြန်လည်ဆင်ခြင်သုံးသပ်ကာ တာဝန်ယူမှုရှိသော သဘောထားဖော်ပြရန် တောင်းဆိုကြောင်း တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Woo Won-shik က နိုဝင်ဘာ ၁၆...
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မကြာသေးမီကမှ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ဆာနာအဲ တာကာအိချိသည် လတ်တလောကာလအတွင်း အိမ်နီးချင်းနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် သက်ဆိုင်သော၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုနှင့် သက်ဆိုင်သော အရေးကိစ္စတွင် မဟုတ်မမှန်စကားများ မကြာခဏပြောဆိုခဲ့သည်။
ဂယောင်းဂျူ (တောင်ကိုရီးယား)၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် ခရီးစဉ်လာရောက်သည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် အောက်တိုဘာ ၃၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးချဲ့သင့်ကြောင်း နှစ်ဖက်လုံးက တစ်ပြေးညီယူဆကြသည်။ နှစ်ဖက်အနေဖြင့်...
တိုကျို၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့သည် အောက်တိုဘာ ၂၈ ရက်တွင် တိုကျို၌ ပထမဆုံးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ နေ့စဉ်ရက်ဆက်ပင် ဂျပန်ပြည်သူလူထုသည် ဆန္ဒပြ လူထုစုဝေးပွဲများနှင့် လမ်းလျှောက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး ထရမ့်၏ ဂျပန်ခရီးစဉ်အပေါ် ပြင်းထန်စွာ...
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ် Toshimitsu Motegi တို့သည် အောက်တိုဘာ ၂၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ဝမ်ရိက Toshimitsu Motegi နောက်ထပ်တစ်ကြိမ် နိုင်ငံခြားရေးဝန်ကြီးအဖြစ်...