ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်းကျွင်းသည် ဆားဘီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဘရာတီစလပ် ဂါဆစ်နှင့် မြို့တော်ပေကျင်းတွင် နိုဝင်ဘာ ၅ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ တုန်းက တရုတ်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့အား အခက်အခဲအတားအဆီးများကို အတူတကွရင်ဆိုင်ကျော်ဖြတ်လာခဲ့ကြသည့် သံမဏိပမာ ခိုင်မြဲသည့်မိတ်ဆွေများအဖြစ် ဖော်ညွှန်းခဲ့သည်။ ခေတ်သစ်အတွက်...
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်(Wei Fenghe) သည် ဒီဇင်ဘာ ၇ ရက်တွင် စတုတ္ထအကြိမ်မြောက် ကုလသမဂ္ဂ (UN) ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်ညီလာခံတွင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။