မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ဆက်နွှယ်သည့် မှတ်ချက်များကို ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် ထပ်မံဝေဖန်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ် ၈၀ ကြာသည့်တိုင် ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏အမှားများကို မသိရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြင့်...
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၂၀ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယူကရိန်းအရေးစိစစ်မှုအတွင်း ပါဝင်ဆွေးနွေးရာ၌ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားသူများအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းပေါ်သို့ ဆောလျင်စွာလျှောက်လှမ်းကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ယူကရိန်းအကျပ်အတည်းသည် ကြာရှည်နေဆဲဖြစ်သလို မြေပြင်စစ်ပွဲများသည်လည်း...
မော်စကို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခါကော့ဗ်ဒေသရှိ မဟာဗျူဟာအချက်အချာကျသော ကူပြန့်စ်ခ်မြို့အား ရုရှားတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရုရှားစစ်တပ်၏ စစ်ဦးစီးချုပ် ဗယ်လရီ ဂျရာဆီမော့ဗ်က နိုဝင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။ ဇာပက် (အနောက်ပိုင်း) တပ်ပေါင်းစုမှ တပ်ရင်းတပ်ဖွဲ့များက ကူပြန့်စ်ခ်မြို့အား သိမ်းယူနိုင်ခဲ့ပြီဖြစ်ကာ...
မော်စကို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားလက်နက်ကိုင်တပ်ဖွဲ့သည် လူမဲ့စနစ်တပ်ဖွဲ့အား တရားဝင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ Komsomolskaya Pravda သတင်းစာ၏ လတ်တလောသတင်းဖော်ပြချက်အရ သိရသည်။
မော်စကို၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအပေါ် ဂျပန်နိုင်ငံ၏ ဆက်လက်ပိတ်ဆို့အရေးယူမှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံသား ၃၀ ဦးကို နိုင်ငံအတွင်းသို့ အချိန်အကန့်အသတ်မရှိ ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း နိုဝင်ဘာ ၁၁ ရက်ည၌ ကြေညာခဲ့သည်။ ပြည်ဝင်ခွင့်ပိတ်ပင်ခံရသူများစာရင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Toshihiro Kitamura ပါဝင်ပြီး...
ချန်ချွမ်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလျင်ပြည်နယ်ရှိ နယ်စပ်မြို့ ဟွန်ချွန်းမှ ကုန်စည်ကုန်သေတ္တာ ၄၆ ခု တင်ဆောင်ထားသော ကုန်တင်ရထားတစ်စင်းသည် ရုရှားနိုင်ငံ၏ မြို့တော်မော်စကိုသို့ နိုဝင်ဘာ ၁၁ ရက်က ဦးတည်ထွက်ခွာခဲ့ပြီး ယင်းမှာ စာပို့ရထားဝန်ဆောင်မှုအသစ်စတင်ခြင်း အထိမ်းအမှတ်ဖြစ်စေခဲ့သည်။ ကုန်သေတ္တာတင်ရထားတွင် နေ့စဉ်လိုအပ်သောပစ္စည်းများ၊...
မော်စကို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) အခြားသော နိုင်ငံများက နျူကလီးယားလက်နက် စမ်းသပ်မှုများ လုပ်ဆောင်မည်ဆိုလျှင် ရုရှားနိုင်ငံအနေဖြင့် ယင်းအတွက် တုံ့ပြန်မှုများ လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာတီမာ ပူတင်က နိုဝင်ဘာ ၅ ရက်၌ ပြောကြားခဲ့သည်။ “အမေရိကန် ဒါမှမဟုတ် သက်ဆိုင်ရာသဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ တခြားနိုင်ငံတွေက...
မော်စကို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ၏ကားသစ်ရောင်းချမှုသည် ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဥ်လျှင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတွင် ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရုရှားနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။ မော်တော်ကားရောင်းချမှုအနေဖြင့် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး...
မော်စကို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် လွန်ခဲ့သည့်ရက်အတွင်း ယူကရိန်းစစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး ယူကရိန်းနိုင်ငံဘက်မှ တန်ပြန်တိုက်ခိုက်မှုများကို တုံ့ပြန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်၌ ထုတ်ပြန်ခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး အဆောက်အအုံများ၊ ဒရုန်းတပ်ဆင်ရေးစက်ရုံ၊ လက်နက်ခဲယမ်းဂိုဒေါင်များနှင့် နေရာ ၁၄၂...
မော်စကို၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းဝန်ကြီးချုပ်ယူလီယာဆီဗီဒန်ကိုအား အထူးစီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမည့်သူများစာရင်း၌ ထည့်သွင်းလိုက်သည့် အမိန့်တစ်ရပ်ကို ရုရှားအစိုးရအဖွဲ့ဝက်ဆိုက်မှ နိုဝင်ဘာ ၁ ရက်က ကြေညာလိုက်သည်။ ရုရှားနိုင်ငံက လက်ရှိ ပိတ်ဆို့အရေးယူလိုက်သည့်နောက်ဆုံးစာရင်း၌ ဘဏ္ဍာရေးဝန်ကြီး ဆာဂျီ မာချန်ကို၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး အိုလက်ခ်ဆီးဆိုဘိုလက်ဗ်တို့ကဲ့သို့...