ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုသည် ဥရောပနိုင်ငံများ နှင့် ကနေဒါတို့နှင့်အတူ ပူးပေါင်း၍ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုအများဆုံးအသုံးပြုသည့် SWIFT ငွေပေးချေမှုစနစ်မှ ရုရှားဘဏ်အချို့ကို ထုတ်ပယ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အော့တဝ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) က ရုရှားနိုင်ငံအားSWIFT ငွေပေးချေမှုစနစ်မှ ဖယ်ရှားရန် တောင်းဆိုလျက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တစ်ရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ ရုရှားသမ္မတ ဗလာတီမာပူတင် (Vladimir Putin...