Connect with us

Asia

အင်ဒိုနီးရှား၌ လေယာဉ်ငယ်တစ်စင်းပျက်ကျ၊ လူသုံးဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အနီး Tanggerang မြို့တွင် လေယာဉ်ငယ်ပျက်ကျပြီးနောက် အပျက်အစီးများကြား ကယ်ဆယ်ရေးသမားတစ်ဦးကို ၂၀၂၄ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မေ ၂၀ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အနီး၌ မေလ ၁၉ ရက်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုကြောင့် လူသုံးဦး သေဆုံးကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောသည်။
အဆိုပါလေယာဉ်သည် မပျက်ကျမီ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးရုံးကပြောသည်။
ထိုလေယာဉ်သည် လူသုံးဦးကိုတင်ဆောင်ကာ ဘန်တန်းပြည်နယ် တန်ဂျွန်လီဆွန်အရပ်မှ တန်းဂျရန်းရှိ ပွန်ဒေါ့ကာဘေးအရပ်သို့ ပျံသန်းလာခြင်းဖြစ်ကြောင်းနှင့် လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို မသိရသေးကြောင်း တာဝန်ရှိသူများကပြောသည်။ (Xinhua)

……………………….
(English Version)
3 killed in small plane crash near Indonesia’s capital
JAKARTA, May 19 (Xinhua) — A small plane carrying three people went down in Tanggerang city bordering Indonesia’s capital Jakarta on Sunday, killing all on board, a rescuer said.
The plane with a registered number of PK-IFP lost contact at 13:43 p.m. Jakarta time before crashing, said Ramli Prasetio, a press officer of Jakarta’s search and rescue office.
“Three people were killed in the crash,” he told Xinhua.
The plane operated by the Indonesian Flying Club departed from Tanjung Lesung coastal areas in Banten province and was heading to Pondok Cabe in Tanggerang, said Prasetio.
The cause of the incident is still unknown, but the officer said the weather condition was poor during the crash. ■
A rescuer walks past debris of a small plane after crash in Tanggerang city bordering Jakarta, Indonesia, on May 19, 2024.(Photo by Rahmat Dian P./Xinhua)