ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ၁၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ အောက်တိုဘာ ၂၇ ရက်က တက်ရောက်ခဲ့ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ လေးစားမှုရှိရန်၊ အတူတကွလုပ်ဆောင်ရန်၊ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးနာလန်ထူမှုတွင် ၎င်းတို့၏ ဆောင်ရွက်မှု တိုးမြှင့်ရန်...
မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကုမ္ပဏီလုပ်ငန်းဖြစ်သည့် ဟွာဝေးသည် ဥရောပတွင် ဝန်ဆောင်မှုနှင့်နည်းပညာပံ့ပိုးမှုစင်တာသစ်တစ်ခုအား အောက်တိုဘာ ၂၇ ရက်က စပိန်နိုင်ငံ မြို့တော် မက်ဒရစ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယခုဖွင့်လှစ်သည့် စင်တာက ဥရောပ ၁၀ နိုင်ငံ အဓိက ဆက်သွယ်ရေးအော်ပရေတာများအတွက် နည်းပညာပံ့ပိုးပေးမည်ဖြစ်ကြောင်း ဟွာဝေး...
ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေး၌ အီရန်နျူကလီးယားအရေးကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden )သည် ဥရောပခေါင်းဆောင်များနှင့် ဆွေးနွေးသွားရန်ရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan က အောက်တိုဘာ...
ကန်းကျစ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)
ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်-ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း နှင့် ပင်လယ်ပြင်၌ လုံခြုံရေးခြိမ်းခြောက်မှုများကို တန်ပြန်ရန် နှစ်ဘက်လုံး၏ စွမ်းရည်ကို မြှင့်တင်ပေးကြောင်း တရုတ်တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ရီယက်ဒ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံ အလယ်ပိုင်း Maribပြည်နယ်၌ လေကြောင်းစစ်ဆင်ရေးလှုပ်ရှားမှုတွင် ဟူတီလက်နက်ကိုင် အနည်းဆုံး ၉၅ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ခါတွန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က နိုင်ငံ ၆ နိုင်ငံမှ ဆူဒန်သံအမတ်များအား တာဝန်မှ ရပ်စဲကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် ဆူဒန် TV က...
ရှန်ဟိုင်း ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကိုယ်တိုင်ကိုယ်ကျ(offline) ပုံစံဖြင့် ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပို့ကုန်ပြပွဲ(CIIE) သို့ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၁၂၇ ခုမှ စီးပွားရေးကုမ္ပဏီပေါင်း ၃,၀၀၀ နီးပါး...
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် အီတလီနိုင်ငံ ဝန်ကြီးချုပ်Mario Draghi ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် G20 ခေါင်းဆောင်များ၏ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ဟနွိုင်း၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ကာလရှည်ဖြစ်ပွားခဲ့သည့် COVID-19 ကပ်ဘေးကြောင့် လူမှုရေးနှင့်စီးပွားရေးထိခိုက်မှုများရှိနေသည့်ကြားမှာပင် တရုတ်နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည်။ လက်ရှိတွင်တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများအား COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၃၀၀ ကျော်ကို ထောက်ပံ့ပေးပြီး ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ အပါအဝင် အရေးပေါ် ဆေးဝါးအထောက်အပံ့ပစ္စည်းများစွာကို...