Connect with us

Media

ဩဂုတ်လဆန်းပိုင်းအထိ ဆန်တန်ချိန် ၇၄၀,၀၀၀ ကျော်တင်ပို့ထားနိုင်ပြီး ကန်ဒေါ်လာ သန်း ၂၅ဝ ကျော်ရရှိ

ရန်ကုန် ၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

ဩဂုတ်လဆန်းတွင် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၆၀,၀၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ သန်း ၄၀ နီးပါး ပိုမိုရှာဖွေနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းတွေအရသိရသည်။လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဩဂုတ် ၅ ရက်အထိ (ယာယီ)စာရင်းတွေအရ ပြည်ပနိုင်ငံများကို ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု စုစုပေါင်း တန်ချိန် ၇၄၄,၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၅၇ သန်း ကျော်ရရှိထားကြောင်းသိရသည်။ (Xinhua)