Local
အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအနက် ကုမ္ပဏီ ၅၅ ခု သာ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် ရှိကြောင်း ထုတ်ပြန်
ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ နှင့်အညီ ဖွဲ့စည်း မှတ်ပုံတင် ထားသော အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ အနက် ကုမ္ပဏီ ၅၅ ခု သည်သာ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့် ရှိကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကျန်ကုမ္ပဏီများသည် အများပြည်သူသို့ အစုရှယ်ယာရောင်းချခွင့်မရှိကြောင်း နှင့် ထပ်မံခွင့်ပြုသော ကုမ္ပဏီများရှိလာပါက ထိုကုမ္ပဏီစာရင်းကိုလည်း ဆက်လက် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။
ကုမ္ပဏီအချို့သည် နိုင်ငံသားများအား အကြောင်းအမျိုးမျိုးဖြင့် မက်လုံးပေးပြီး ငွေကြေးရင်းနှီးမြှုုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခြင်း ၊ Online မီဒီယာများမှတဆင့် အစုရှယ်ယာ ရောင်းချခြင်းများ၊ အစုရှယ်ယာ ဝယ်ယူရန် ဖိတ်ခေါ်ခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိရကြောင်း ထိုအသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။
အများပြည်သူသို့အစုရှယ်ယာ ရောင်းချခွင့် ရှိသော ကုမ္ပဏီ ၅၅ ခုတွင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ၊ ပထမ ပုဂ္ဂလိကဘဏ် လီမိတက် ၊ ဖက်(စ်)မြန်မာ အင်ဗက်(စ်)မဲ့(န်) ကုမ္ပဏီ လီမိတက် ၊ သမဝါယမ ဘဏ် လီမိတက် ၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက် အစရှိသည်တို့ပါဝင်ကြောင်း သိရသည်။(Xinhua)