Connect with us

Africa & Middle East

အီသီယိုးပီးယား မြေပြိုမှုအတွင်း သေဆုံးသူ ၅၀၀ ခန့်အထိရှိလာနိုင်ဟု ကုလသမဂ္ဂ အဖွဲ့အစည်းပြောကြား

အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း ဂီဇီဂိုဖာခရိုင်ရှိ မြေပြိုမှုဖြစ်ပွားသော နေရာကို ၂၀၂၄ ခုနှစ် ဇူလိုင်၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဒစ်အာဘာဘာ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း သေဆုံးသူအရေအတွက် ၅၀၀ ခန့်အထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ယမန်နေ့တွင် သတိပေးပြောကြားခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်အထိ ၎င်းသဘာဝဘေးကြောင့် သေဆုံးသူ အရေအတွက် ၂၅၇ ဦး အထိရှိလာပြီး အခင်းဖြစ်ဒေသတွင် ရွှံ့များအတွင်း နစ်မြုပ်နေသည့် ရုပ်အလောင်းများကို ထပ်မံတွေ့ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက မှတ်ချက်ပြုပြောကြားသည်။
၎င်းကုလသမဂ္ဂအဖွဲ့အစည်းသည် မြေပြိုမှုဖြစ်ပွားရာဒေသ၌ အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ ဖြစ်စဉ်တွင် ပထမမြေပြိုမှုသည် နိုင်ငံတောင်ပိုင်း ဂီဇီဂိုဖာခရိုင် ကန်ချိုရှာချာဂိုဒီ ကျေးရွာ၌ ဇူလိုင် ၂၁ ရက်က ဖြစ်ပွားပြီး ဒုတိယမြေပြိုမှုမှာ ဇန်နဝါရီ ၂၂ ရက်တွင် ဖြစ်ပွားကာ ဖြစ်စဉ်များကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဒေသခံများ ထိခိုက်သေဆုံးခဲ့သည်။
သေဆုံးသူများတွင် ကလေးများနှင့် အမျိုးသမီးများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Death toll from Ethiopia landslides could reach 500, UN warns
ADDIS ABABA, July 26 (Xinhua) — The United Nations Office for the Coordination of Humanitarian Affairs (UNOCHA) on Thursday warned that the death toll from landslides in southern Ethiopia could reach as high as 500 amid ongoing emergency response and search operations.
The UNOCHA, in its latest situation update issued Thursday citing local authorities, said the death toll has risen to 257 as of Wednesday as more and more dead bodies are retrieved from under the mud.
Noting that an inter-agency humanitarian assessment team has reached the area and is currently supporting response coordination through the established emergency coordination center, the UNOCHA warned that “the death toll is expected to rise to up to 500 people.”
According to local authorities, the first landslide occurred Sunday night after hours of heavy rains in a small village called Kencho Shacha Gozdi in southern Ethiopia’s Geze Gofa District.
The second landslide happened Monday morning and buried an unknown number of local community members who gathered at the scene for rescue efforts.
Among the casualties were children and women as well as security personnel and local government officials who were undertaking rescue operations, according to local officials.

People are seen at the site of a landslide in southern Ethiopia’s Geze Gofa District, on July 22, 2024. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.