Connect with us

Africa & Middle East

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်းကို ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် လူအများအပြား ဒဏ်ရာရ

အစ္စရေးနိုင်ငံ နာဟာရီယာမြို့၌ ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားသည့်နေရာတွင် လုပ်ငန်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဘေရွတ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံမှ အစ္စရေးနိုင်ငံသို့ ဩဂုတ် ၆ ရက်က ဒရုန်းအများအပြား ပစ်ခတ်ခဲ့ရာ အစ္စရေးနယ်စပ် နာဟာရီယာမြို့ရှိ အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့က အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့သည်။
အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ နာဟာရီယာ၊ Acre နှင့် ဟာနီတာ စသည့် မြို့အများအပြားတွင် အချိန်တိုအတွင်း လေကြောင်းရန်ကာကွယ်ရေး သတိပေးဥသြသံများ မကြာခဏ မြည်နေကြောင်း ဆင်ဟွာသတင်းထောက်၏ မိုဘိုင်းလ်ဖုန်းတွင် တပ်ဆင်ထားသည့် ကြိုတင်သတိပေးစနစ်၏ ဖော်ပြချက်အရ သိရသည်။ ကနဦး စုံစမ်းစစ်ဆေးမှုအရ ကြားဖြတ်မတားဆီးနိုင်ခဲ့၍ ဒရုန်းများအနက်မှ တစ်စီးက နာဟာရီယာမြို့ တောင်ဘက်ရှိ အမြန်လမ်းမပေါ်သို့ထိမှန်ခဲ့သည်ဟု အစ္စရေးစစ်တပ် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့က Acreမြို့ မြောက်ပိုင်းရှိ စစ်စခန်းများကို ဩဂုတ် ၆ ရက်က မောင်းသူမဲ့လေယာဉ်များ အသုံးပြု တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာမှုများ ဖြစ်ပွားစေခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာပိုင် Al-Manar ရုပ်မြင်သံကြားဌာန၏ သတင်းကြေညာချက်အရ သိရသည်။ ယင်းလေကြောင်းတိုက်ခိုက်မှုသည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများအား ပံ့ပိုးကူညီရန်နှင့် အစောပိုင်းတွင် အစ္စရေးက လက်ဘနွန်နိုင်ငံ အီဘာ ရွာကို တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ဟစ်ဇ်ဘိုလာက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်း Nabatieh နှင့် Khiam ဒေသများရှိ ဟစ်ဇ်ဘိုလာအဖွဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဩဂုတ် ၆ ရက် အစောပိုင်းတွင် ထုတ်ပြန်သော အစ္စရေးစစ်တပ်၏ ကြေညာချက်နောက်တစ်ခုတွင် ပြောကြားခဲ့သည်။
အစ္စရေးဒရုန်းတစ်စီးက လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ကျေးရွာနှစ်ရွာကို ဩဂုတ် ၆ ရက်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်စစ်တပ်သတင်းရင်းမြစ်များက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ (Xinhua)


………………………………………………..
(Chinese Version)
黎巴嫩真主党无人机袭击以色列北部致数人受伤
新华社耶路撒冷/贝鲁特8月6日电(记者王卓伦 谢昊)以色列国防军6日发表声明说,多架无人机当天从黎巴嫩射向以色列,造成以色列边境城市纳哈里亚数名平民受伤。
新华社记者手机安装的预警系统显示,以色列北部纳哈里亚、阿卡、哈尼塔等多个城镇短时间内频繁拉响防空警报。以军声明说,初步调查显示,其中一架无人机未能被拦截,击中纳哈里亚南部的公路。
另据黎巴嫩真主党旗下灯塔电视台报道,真主党6日用无人机空袭阿卡北部军营,造成人员伤亡。真主党表示,此次空袭是为支持加沙地带的巴勒斯坦人,并对以色列此前袭击黎巴嫩埃巴村做出回应。
以军6日早些时候发表的另一份声明说,以军空袭了黎南部奈拜提耶地区和希亚姆地区的真主党军事设施。
黎巴嫩军方消息人士告诉新华社记者,一架以色列无人机6日空袭黎南部两个村庄,造成至少5人死亡、4人受伤。
图说:8月6日,在以色列纳哈里亚,警方在无人机袭击现场开展工作。