Connect with us

China

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်စစ်ရေယာဉ်စုက အရှေ့တရုတ်ပင်လယ်၌ လက်တွေ့လေ့ကျင့်မှုများပြုလုပ်

ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်ရှိ ရေပြင်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီး၏ ရေတပ်က တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်စဉ်အတွင်း တပ်ဖွဲ့ဝင်တစ်ဦးက မှန်ပြောင်းဖြင့် ကြည့်နေပုံကို ၂၀၂၂ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီး၏ ဖရီးဂိတ်စစ်ရေယာဉ်စု တစ်စုမှ သင်္ဘောများဖြင့် စုဖွဲ့ထားသော ရေတပ်စစ်ရေယာဉ်စုသည် အရှေ့တရုတ်ပင်လယ်ရှိ နေရာတစ်နေရာ၌ ကျယ်ပြန့်၍ လက်တွေ့ကျသော လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်ဟု အရှေ့ပိုင်းစစ်ဒေသကြီးက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုများက စစ်ရေယာဉ်စု၏ စုပေါင်းတိုက်ခိုက်ရေးစွမ်းရည်များကို ဆန်းစစ်အကဲဖြတ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း PLA အရှေ့ပိုင်းစစ်‌ဒေသကြီးက အွန်လိုင်းမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းစစ်ဆင်ရေးများ၊ ပူးတွဲရှာဖွေကယ်ဆယ်ရေးနှင့် ထိခိုက်ပျက်စီးမှု ထိန်းချုပ်ရေး စသည့် လက်တွေ့ကျသော တိုက်ခိုက်ရေးလေ့ကျင့်ခန်း ၁၀ ခုကျော် ပါဝင်ကြောင်း သိရသည်။
ထိုစစ်ရေးလေ့ကျင့်မှုများက အမှန်တကယ် တိုက်ပွဲဖြစ်ပွားနိုင်သော အခြေအနေများ၌ စစ်ရေယာဉ်စု၏ အသင့်ရှိမှုကို ထိထိရောက်ရောက် စမ်းသပ်ကာ မြှင့်တင်ပေးခဲ့သည်ဟုလည်း PLA အရှေ့ပိုင်းစစ်‌ဒေသကြီး၏ ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)


……………………….
(English Version)
PLA Navy fleet conducts realistic training in East China Sea
BEIJING, Oct. 11 (Xinhua) — A naval fleet comprising multiple vessels from a frigate flotilla of the People’s Liberation Army (PLA) Eastern Theater Command recently conducted a series of comprehensive and realistic training exercises in a specific area in the East China Sea, the command said on Friday.
The drills aimed to assess the fleet’s collaborative combat capabilities, according to a statement issued online by the command.
The maritime training involved over 10 realistic combat training subjects, including joint anti-submarine operations, joint search and rescue, and damage control.
The exercises effectively tested and enhanced the fleet’s readiness for actual combat scenarios, according to the statement. Enditem
English Caption
A soldier looks through binoculars during combat exercises and training of the navy of the Eastern Theater Command of the Chinese People’s Liberation Army (PLA) in the waters around the Taiwan Island, Aug. 5, 2022. (Photo by Lin Jian/Xinhua)