Connect with us

Media

ကပီဘာရာကြွက်ကြီး အမြွှာလေး ၅ ကောင် မွေးဖွား

ယူနန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောရိုင်းတိရစ္ဆာန်ဥယျာဉ်တွင် မကြာသေးမီက ကပီဘာရာကြွက်ကြီးစုံတွဲက အမြွှာလေး ၅ ကောင်ကို အောင်မြင်စွာ မွေးဖွားခဲ့ပါသည်။ ၂ နှစ်ကြာကာလအတွင်း အဆိုပါ ကပီဘာရာကြွက်ကြီးစုံတွဲက စုစုပေါင်း ကလေး ၉ ကောင်ကို မွေးဖွားပြီး ဖြစ်ပါသည်။
ထိုကပီဘာရာကြွက်ကြီးတွေက ကလေးထိန်းအတွေ့အကြုံရှိတာကြောင့် တိရစ္ဆာန်ထိန်းဝန်ထမ်းအနေနဲ့ ကပီဘာရာကြွက်မကြီး၏ နေ့စဉ်အာဟာရစားသောက်မှုနှင့် ၎င်း၏ကျန်းမာရေးကို စောင့်ကြည့်ရန်သာ လိုအပ်ပါသည်။
လက်ရှိတွင် တောရိုင်းတိရစ္ဆာန်ဥယျာဉ်၌ ကာပီဘာရာကြွက်ကြီး ၁၁ ကောင်ကို ပြသထားကြောင်း သိရသည်။ (Xinhua)

……………………………………..
(Chinese Version)
卡皮巴拉诞下“五胞胎”

近日云南野生动物园内,一对水豚“夫妇”成功育出“五胞胎”。两年来,这对水豚“夫妇”共计繁育九只小水豚。
因为这对水豚“夫妇”丰富的育儿经验,保育人员仅需确保水豚“母亲”的日常营养摄入,并监测其健康状况。
目前,园区内共展出水豚11只。