Connect with us

North America

ဟားရစ်၏ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဖြတ်တောက်တည်းဖြတ်ခြင်းက အများပြည်သူအပေါ် လှည့်ဖြားခြင်းဖြစ်သည်ဟု သံသယရှိသဖြင့် CBS ကို ထရမ့်က တရားစွဲ

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ရှိ သမ္မတလောင်း စကားစစ်ထိုးပွဲ မီဒီယာစင်တာမှ ရိုက်ကူးသော တိုက်ရိုက်ထုတ်လွှင့်သည့်ဗီဒီယို၌ ရုပ်မြင်သံကြား စကားစစ်ထိုးပွဲတွင် ပါဝင်တက်ရောက်လာသော အမေရိကန် ဒီမိုကရက်တစ်သမ္မတလောင်း၊ ဒုတိယသမ္မတ ဟားရစ် (ယာ) နှင့် ရီပက်ဘလစ်ကန်သမ္မတလောင်း၊ သမ္မတဟောင်း ထရမ့်တို့အား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ Columbia Broadcasting System (CBS) က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း၊ ဒုတိယ သမ္မတ ကမ်မလာ ဟားရစ်၏ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို “လိမ်လည်လှည့်ဖြားမှုရှိသော” တည်းဖြတ်မှုပြုလုပ်ခြင်းသည် အများပြည်သူအပေါ် လှည့်ဖြားခြင်းဖြစ်သည်ဟု သံသယရှိသဖြင့် ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်း၊ သမ္မတဟောင်း ဒေါ်နယ် ထရမ့်က CBS ကို အောက်တိုဘာ ၃၁ ရက်တွင် တရားစွဲခဲ့သည်။ ထရမ့်၏ တရားစွဲဆိုမှုသည် လုံးဝအခြေအမြစ်မရှိဟု CBS မှပြောကြားခဲ့သည်။
CBS သည် အောက်တိုဘာလအစောပိုင်းတွင် ဟားရစ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ပြီး ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့် ပတ်သက်၍ ၎င်း၏ ဖြေကြားမှုကို မတူညီသော ဗီဒီယိုနှစ်မျိုးခွဲ၍ ထုတ်လွှင့်ခဲ့ကြောင်း တက္ကဆက်ပြည်နယ် မြောက်ပိုင်းဒေသ ဖက်ဒရယ်တရားရုံးသို့ ထရမ့်က တင်ပြခဲ့သည့် တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြခဲ့သည်။ 《60 Minutes》အစီအစဉ်မှ ထုတ်လွှင့်သော အပိုင်းသည် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများအပေါ် ဒီမိုကရက်တစ်အစိုးရ၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်၍ ဟားရစ် ပြောကြားခဲ့သည့် “အနက်အဓိပ္ပါယ်မဲ့သော စကားများ” ကို ဖြတ်တောက်တည်းဖြတ်၍ ထုတ်လွှင့်ခဲ့သည်။ CBS သည် သတင်းထုတ်လွှင့်မှု အခြေခံမျဉ်းကို ကျော်လွန်၍ “လိမ်လည်လှည့်ဖြားမှုဖြင့် သတင်းများကို ထိန်းချုပ်ခြင်း” ဖြစ်သလို သက်ဆိုင်ရာ တည်းဖြတ်မှုသည် ဟားရစ်ကို ကူညီပြီး အများပြည်သူအား လှည့်ဖြားရန် ရည်ရွယ်သောကြောင့် ထရမ့်အား တရားမျှတမှု မရှိသော အားနည်းသည့်အနေအထားကို ရောက်စေကြောင်း အဆိုပါစာရွက်စာတမ်းများက ဖော်ပြခဲ့သည်။
ထရမ့်သည် ဂျူရီ (Jury) အဖွဲ့ မှ စီရင်ချက်ချမှတ်ရန် တရားရုံးအား လျှောက်ထားခဲ့ပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးပေးရန် တောင်းဆိုခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထရမ့်၏ အဆိုပါနေ့ တရားစွဲဆိုမှုသည် “လုံးဝအခြေအမြစ်မရှိကြောင်း”၊ ၎င်းစွပ်စွဲမှုသည် မမှန်ကန်ကြောင်း၊ “သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြင်ဆင်ခြင်းမရှိခဲ့ကြောင်း” CBS က အောက်တိုဘာ ၃၁ ရက်တွင် တုံ့ပြန်ခဲ့သည်။
ဟားရစ်၏ သီးသန့်တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်ပြီးနောက် ထရမ့်သည် CBS ကို အကြိမ်ကြိမ် ဝေဖန်ခဲ့သည်။ ဗီဒီယိုနှစ်ခုသည် တူညီသောမေးခွန်းများမေးခဲ့သလို ဖြေကြားမှုမှာလည်း တူညီကြောင်း၊ တစ်ခုတည်းသော ကွာခြားချက်မှာ ဖြေကြားမှု၏ ကြာချိန်ဖြစ်ကြောင်း၊ ဗီဒီယိုအရှည်ကို အခြားအစီအစဉ်တစ်ခုဖြစ်သော《Face the Nation》တွင် ထုတ်လွှင့်ရန် ပေးခဲ့ကြောင်း၊ အစီအစဉ်၏ ကြာချိန်နှင့် အကြောင်းအရာကို ထည့်သွင်းစဉ်းစားမှုကြောင့်《60 Minutes》မှ ထုတ်လွှင့်သည့်ဗီဒီယိုသည် “ပို၍ လိုရင်းတိုရှင်း” ဖြစ်ကြောင်း အဆိုပါမီဒီယာက အောက်တိုဘာ ၂၀ ရက်တွင် ကြေညာချက်တွင် ဖြေရှင်းပြောကြားခဲ့သည်။
CBS က ထရမ့်သည် 《60 Minutes》အစီအစဉ်၏ သီးသန့်တွေ့ဆုံမေးမြန်းခန်း ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့သည်ဟု အလေးပေး ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆိုပါမီဒီယာက ထရမ့် တရားစွဲရာတွင်《တက္ကဆက်ပြည်နယ်၏ လိမ်ညာလှည့်ဖြားမှုရှိသော ကုန်သွယ်ရေး အပြုအမူအပေါ် စားသုံးသူကာကွယ်ရေးဥပဒေ》ကို ကိုးကားခြင်းဖြစ်ပြီး ဤဥပဒေသည် ကြော်ငြာရှင်များက ကုန်ပစ္စည်းများ ကြော်ငြာရာတွင် အများပြည်သူများအား လှည့်ဖြားမှုမရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ထရမ့် တရားစွဲဆိုမှု၏ ဥပဒေအသုံးပြုမှုမှာ ပြဿနာရှိနေကြောင်း၊ အထက်ဖော်ပြပါ ဥပဒေကို ကုန်ပစ္စည်းရောင်းချမှုတွင် အသုံးပြုကြောင်း၊ “ဒါပေမဲ့ CBS ရဲ့ အစီအစဉ်က ကြော်ငြာမဟုတ်ဘူး” ဟု အမေရိကန် ချီကာဂိုတက္ကသိုလ်မှ ဥပဒေပါမောက္ခ Geoffrey R. Stone က ယူဆခဲ့သည်။
၂၀၂၄ ခုနှစ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် မဲဆန္ဒပေးရန် စီစဉ်ထားကြောင်း သိရသည်။ ထရမ့်နှင့် ဟားရစ်တို့၏ ရွေးကောက်ပွဲအခြေအနေမှာ အကြိတ်အနယ်ဖြစ်နေကြောင်း စစ်တမ်းများက ဖော်ပြနေသည်။ (Xinhua)
…………………………
(Chinese Version)
特朗普诉CBS删减哈里斯专访涉嫌误导公众
新华社北京11月1日电 美国共和党总统候选人、前总统唐纳德·特朗普10月31日起诉美国哥伦比亚广播公司(CBS)“欺骗性”剪辑对民主党总统候选人、副总统卡玛拉·哈里斯的专访,涉嫌误导公众。CBS称特朗普的诉讼毫无依据。
特朗普向得克萨斯州北区联邦法院提交的法庭文件显示,哥伦比亚广播公司10月初专访哈里斯,就有关本轮巴以冲突的回答播出了两种不同版本。《60分钟》节目播出的片段删去了哈里斯谈及民主党政府对以色列军事行动施加影响力的“连篇空话”。这份文件指出,哥伦比亚广播公司逾越报道底线,“欺骗性操纵新闻”,相关剪辑旨在协助哈里斯且误导公众,致特朗普不公平地处于劣势。
据路透社报道,特朗普申请法庭就此做陪审团审判,并索赔至少100亿美元。
哥伦比亚广播公司10月31日回应,特朗普当天提起的诉讼“毫无根据”,他所作指认不实,“专访未遭篡改”。
哈里斯专访播出后,特朗普多次批评哥伦比亚广播公司。这家媒体10月20日发表声明解释,两段视频提问相同、回答相同,唯一区别是回答的篇幅,较长视频供另一档节目《面向全国》播放。出于节目时长和内容考虑,《60分钟》节目播出的版本“更简洁”。
哥伦比亚广播公司强调,特朗普拒绝了《60分钟》节目的专访邀请。
这家媒体同时指出,特朗普起诉时援引了《得克萨斯州欺骗性贸易行为消费者保护法》,这一法令旨在避免广告商推广产品时误导公众。
美国芝加哥大学法学教授杰弗里·斯通认为,特朗普诉讼的法律适用有问题,上述法律适用于产品销售,“但哥伦比亚广播公司的节目不是广告”。
美国2024年总统选举定于11月5日投票。民调显示,特朗普与哈里斯选情胶着。(海洋)
图说:这张9月10日在美国费城总统辩论媒体中心拍摄的视频直播画面显示,美国副总统、民主党总统候选人哈里斯(右)和美国前总统、共和党总统候选人特朗普在费城参加电视辩论。新华社记者李睿摄