North America
အီရန် နောက်ဆုံးအဆိုပြုထားသော ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ အစီအစဉ်အပေါ် “ကျေနပ်မှုမရှိ” ဟု ထရမ့် ဆို
ဝါရှင်တန်၊ မေ ၂ ရက် (ဆင်ဟွာ)
အီရန် နောက်ဆုံးအဆိုပြုထားသော ညှိနှိုင်းမှုဆိုင်ရာ အစီအစဉ်အပေါ် “ကျေနပ်မှုမရှိ” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁ ရက်တွင် အိမ်ဖြူတော်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။အီရန်ဘက်က သဘောတူညီမှုရရှိရန် လိုလားသော်လည်း “သူတို့အနေနဲ့ သင့်လျော်တဲ့ သဘောတူညီချက်တစ်ရပ်ကို ရေးဆွဲရမှာဖြစ်တယ်၊ လက်ရှိ သူတို့ရဲ့ အဆိုပြုထားတဲ့ အစီအစဉ်အပေါ် ကျွန်တော်ကတော့ ကျေနပ်မှုမရှိသေးဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်တို့သည် လက်ရှိတွင် ဖုန်းဖြင့် စေ့စပ်ညှိနှိုင်းနေကြပြီး “တိုးတက်မှုအချို့ ရှိပြီး” ဖြစ်သော်လည်း နောက်ဆုံးတွင် သဘောတူညီချက် ရရှိနိုင်မည်လောဆိုသည်ကို ၎င်းအနေဖြင့် သေချာမပြောနိုင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ၏ စစ်ရေး ရွေးချယ်မှုဆိုင်ရာ နောက်ဆုံး အကျဉ်းချုံး ရှင်းလင်းတင်ပြမှုကို လက်ခံရရှိခဲ့ကြောင်း၊ ၎င်းတွင် စစ်ရေးကို မြှင့်တင်ရန်နှင့် သဘောတူညီမှုရရှိရန် ရွေးချယ်မှု နှစ်ရပ်ရှိသော်လည်း “သဘောတူညီမှုရရှိဖို့ ပိုပြီးဆန္ဒရှိတယ်” ဟု အတည်ပြုပြောကြားခဲ့သည်။
အီရန်သည် ဧပြီ ၃၀ ရက်တွင် ပါကစ္စတန်မှတစ်ဆင့် အမေရိကန်ထံသို့ ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ နောက်ဆုံး အစီအစဉ်ကို ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ မေ ၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ထရမ့်က ဧပြီ ၃၀ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တပ်မှူး Brad Cooper ၊ ပူးတွဲစစ်ဦးစီးချုပ်များအစည်းအဝေး ဥက္ကဋ္ဌ Dan Caine တို့က အီရန်အပေါ် လုပ်ဆောင်နိုင်ခြေရှိသော စစ်ရေးလှုပ်ရှားမှုဆိုင်ရာ အစီအစဉ်အသစ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်ကို လက်ခံရရှိခဲ့ကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
特朗普称“不满意”伊朗提出的最新谈判方案
新华社华盛顿5月1日电(记者黄强 徐剑梅)美国总统特朗普1日在白宫对媒体说,他对伊朗提出的最新谈判方案“不满意”。
特朗普说,伊朗方面想达成协议,但“他们必须想出合适的协议,目前我对他们提出的方案还不满意”。美伊现在通过电话进行谈判,“已取得一些进展”,但他不确定最终能否达成协议。
特朗普证实,他已听取美军中央司令部关于军事选项的最新简报,并称自己有让军事升级和达成协议两个选项,但“更愿意达成协议”。
据伊朗伊斯兰共和国通讯社1日报道,伊朗已于4月30日经由巴基斯坦向美国转交最新谈判方案。美国媒体报道,特朗普4月30日在白宫听取美军中央司令部司令库珀和参谋长联席会议主席凯恩汇报针对伊朗可能采取军事行动的新方案。(完)
图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
