Connect with us

North America

အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းကျော်က အီရန်အပေါ် လက်နက်အင်အား အသုံးပြုခြင်းသည် မှားယွင်းမှုဟု ယူဆကြောင်း ပြည်သူ့သဘောထားစစ်တမ်းကောက်ယူမှုတွင် ဖော်ပြ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂ ရက် (ဆင်ဟွာ)

အမေရိကန် မီဒီယာက မေ ၁ ရက်တွင် ထုတ်ပြန်သည့်‌ နောက်ဆုံး ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်အရ အမေရိကန်နိုင်ငံသား ၆၁ ရာခိုင်နှုန်းက အီရန်အပေါ် အမေရိကန် လက်နက်အင်အား အသုံးပြုခြင်းသည် မှားယွင်းမှုတစ်ခုဟု ယူဆကြကြောင်း ဖော်ပြထားသည်။အမေရိကန် ABC သတင်းဌာန၊ The Washington Post နှင့် IPSOS တို့ ပူးတွဲလုပ်ဆောင်သည့် နောက်ဆုံး ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်အရ အမေရိကန်နိုင်ငံသားပေါင်း ၂၀ ရာခိုင်နှုန်းခန့်ကသာ အီရန်အပေါ် အမေရိကန်လှုပ်ရှားမှုသည် အောင်မြင်မှုရရှိသည်ဟု ယူဆကြပြီး စစ်တမ်းဖြေကြားသူပေါင်း ၄၀ ရာခိုင်နှုန်းက အဆိုပါလှုပ်ရှားမှုများသည် အောင်မြင်မှုမရှိဟု ထင်မြင်ကြကာ အခြား စစ်တမ်းဖြေကြားသူ ၄၀ ရာခိုင်နှုန်းက လက်ရှိတွင် “နောက်ဆုံးကောက်ချက်ချရန် ခက်ခဲသေးသည်” ဟု ဆိုကြသည်။

အမေရိကန်ပြည်သူများအနေဖြင့် အမေရိကန်က အီရန်အပေါ်ဆင်နွှဲသည့် စစ်ပွဲအတိုင်းအတာသည် အီရတ်စစ်ပွဲနှင့် ဗီယက်နမ်စစ်ပွဲကာလ အဆင့်သို့ ရောက်ရှိနေခြင်းအား ကန့်ကွက်ကြသည်ဟု The Washington Post ၏ သတင်းဖော်ပြမှုတွင် ထောက်ပြထားသည်။ အမေရိကန် ပြည်သူ့သဘောထား စစ်တမ်းကောက်ယူသည့် ကုမ္ပဏီ Gallup ၏ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်အရ ၂၀၀၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အမေရိကန်ပြည်သူပေါင်း ၅၉ ရာခိုင်နှုန်းက ၂၀၀၃ ခုနှစ် မတ်လတွင် စတင်သည့် အီရန်စစ်ပွဲသည် အမှားတစ်ခုဖြစ်သည်ဟု ယူဆကြပြီး ၁၉၇၀ ပြည့်လွန်နှစ် ကနဦးကာလတွင်လည်း အလားတူ ပြည်သူအချိုးအဆက ဗီယက်နမ်စစ်ပွဲအပေါ် တူညီသည့် အမြင်ရှိကြကြောင်း သိရသည်။

ထို့ပြင် အမေရိကန်ပြည်သူအများစုက အမေရိကန်က အီရန်အပေါ်ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုတွင် အန္တရာယ်အလားအလာရှိနေဆဲဖြစ်သည်ဟု ယူဆကြသည်။ ၎င်းအနက် ဖြေကြားသူ ၆၁ ရာခိုင်နှုန်းက အမေရိကန်ပြည်သူများအပေါ် ဦးတည်သည့် အကြမ်းဖက်ဝါဒ အန္တရာယ်များ တိုးပွားလာသည်ဟု ယူဆကြပြီး ဖြေကြားသူ ၆၀ ရာခိုင်နှုန်းက အမေရိကန်စီးပွားရေးသည် ဆုတ်ယုတ်မှုအတွင်းကျဆင်းနိုင်သော ဖြစ်နိုင်ခြေတိုးပွားလာသည်ဟု ယူဆကြကာ ဖြေကြားသူ ၅၆ ရာခိုင်နှုန်းကမူ အမေရိကန်နှင့် မဟာမိတ်တို့၏ ဆက်ဆံရေး ဆိုးရွားလာသည်ဟု ထင်မြင်ကြသည်။
ပြည်သူ့သဘောထား စစ်တမ်းကောက်ယူချက်အရ စစ်တမ်းဖြေကြားသူများသည် လက်ရှိ အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှု အလားအလာအပေါ် အမြင်များ မတူညီကြပေ။ ၎င်းအနက် စစ်တမ်းဖြေကြားသူပေါင်း ၄၈ ရာခိုင်နှုန်းက သဘောတူညီချက် အကြောင်းအရာများသည် အမေရိကန်အပေါ် အတန်အသင့် အကျိုးမရှိသော်လည်း အမေရိကန်က အီရန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိသင့်သည်ဟု ယူဆကြသည်။ စစ်တမ်းဖြေကြားသူပေါင်း ၄၆ ရာခိုင်နှုန်းကမူ စစ်ရေးလှုပ်ရှားမှု ပြန်လည်လုပ်ဆောင်ရန် လိုအပ်သည့်တိုင် အမေရိကန်အနေဖြင့် အီရန်အပေါ် ဖိအားပေး၍ ပိုမိုကောင်းမွန်သည့် သဘောတူညီချက်ရယူသင့်ကြောင်း ယူဆကြသည်။
အဆိုပါ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုကို ဧပြီ ၂၄ ရက်မှ ဧပြီ ၂၈ ရက်အထိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ အမေရိကန် အရွယ်ရောက်ပြည်သူပေါင်း ၂,၅၆၀ ဦးက စစ်တမ်းဖြေကြားခဲ့ပြီး လွဲချော်နိုင်မှုအတိုင်းအတာမှာ ၂ ရာခိုင်နှုန်းပွိုင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————-
(Chinese Version)
民调:超六成美国人认为对伊朗动武是错误
新华社华盛顿5月1日电(记者黄强 徐剑梅)美国媒体1日发布的最新民调显示,61%的美国人认为美国对伊朗动武是一个错误。
美国广播公司新闻、《华盛顿邮报》和益普索联合进行的最新民调显示,仅有不到20%的美国人认为美国在伊朗采取的行动取得了成功,约四成受访者认为这些行动并未成功,另有四成受访者表示目前“尚难定论”。
《华盛顿邮报》在报道中指出,美国民众反对美国对伊朗战事的程度已达伊拉克战争和越南战争时期水平。根据美国民调公司盖洛普的民调,2006年中期,有59%的美国人认为始于2003年3月的伊拉克战争是一个错误;而在20世纪70年代初,也有同样比例的民众对越南战争持相同看法。
此外,大多数美国人认为,美国针对伊朗采取的军事行动存在潜在风险。其中,61%的人认为针对美国人的恐怖主义风险增加,60%的人认为美国经济陷入衰退的可能性增加,56%的人认为美国与盟友的关系恶化。
民调显示,受访者对美伊当前谈判前景看法不一。其中,48%的受访者认为,即使协议条款对美国较为不利,美国仍应与伊朗达成和平协议;而46%的受访者则认为,美国应向伊朗施压以争取更好的协议,哪怕这意味着需要恢复军事行动。
这项民调于4月24日至28日进行,2560名美国成年人受访,误差幅度为2个百分点。(完)
图说:这是4月18日在美国首都华盛顿拍摄的白宫。新华社记者李睿摄