Connect with us

Africa & Middle East

အီရန်က အစ္စရေးကို လက်တုံ့ပြန်ရန် ပြင်ဆင်နေသည်ဟု အမေရိကန် မီဒီယာများ ပြောကြား၊ ဒေသတွင်း ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်းမှ ရှောင်ကြဉ်ရန် အီရတ် အစွမ်းကုန်ကြိုးပမ်း

အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် အထင်ကရအဆောက်အဦးဖြစ်သည့် လွတ်လပ်ရေး တာဝါကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က အောက်တိုဘာလနှောင်းပိုင်းတွင် အီရန် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအပေါ် စစ်ဆင်ရေးများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် လာမည့်ရက်အနည်းငယ်အတွင်း သို့မဟုတ် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၅ ရက် မတိုင်မီတွင် အီရတ်နိုင်ငံ ပိုင်နက်အတွင်းမှ အစ္စရေးကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း မကြာသေးမီရက်က အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဒေသတွင်း တင်းမာမှုများ အရှိန်အဟုန်မြင့်တက်လာချိန်တွင် အီရန်၏ အိမ်နီးချင်းနိုင်ငံအနေဖြင့် အီရတ်သည် ဒေသတွင်း ပဋိပက္ခများထဲဝင်ရောက်သွားမည်ကို ရှောင်ကြဉ်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့ရာ အီရန်၊ အမေရိကန်တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။
အီရန်က လှုပ်ရှားမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟု အစ္စရေးထောက်လှမ်းရေးသတင်းများကို ကိုးကား၍ အမေရိကန် မီဒီယာများက ပြောကြား
အစ္စရေးမှ ရရှိသော ထောက်လှမ်းရေးသတင်းများအရ အီရန်သည် ၎င်းပံ့ပိုးထားသော အီရတ်ပြည်သူ့စစ်ကို အသုံးပြု၍ အီရတ်နိုင်ငံ ပိုင်နက်အတွင်းမှ အစ္စရေးသို့ ဒရုန်းနှင့် ပဲ့ထိန်းဒုံးကျည် အမြောက်အမြား ပစ်လွှတ်ရန် ပြင်ဆင်နေကြောင်း အမည်မဖော်လိုသည့် အစ္စရေး အစိုးရအရာရှိ ၂ ဦး၏ ပြောကြားချက်ကို ကိုးကား၍ Axios သတင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အီရန်သည် ၎င်းနိုင်ငံအတွင်းရှိ မဟာဗျူဟာပစ်မှတ်များအပေါ် အစ္စရေး၏ နောက်တစ်ကြိမ် လက်တုံ့ပြန်မှုကို ရှောင်ကြဉ်ရန် ကြိုးပမ်းနေကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အီရန်သည် အောက်တိုဘာလနှောင်းပိုင်းက အစ္စရေး ပြုလုပ်ခဲ့သော တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ကြောင်း CNN က အောက်တိုဘာ ၃၁ ရက် အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
အစ္စရေးသည် အောက်တိုဘာ ၂၆ ရက်က အီရန်နိုင်ငံ ပိုင်နက်အတွင်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေးစစ်တပ်သည် အီရန်၏ “ကာကွယ်ရေးစွမ်းရည်နှင့် ဒုံးကျည်ထုတ်လုပ်ရေး (အဆောက်အအုံများ)” ကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ပြောကြားချက်အရ သိရသည်။ အီရန်စစ်ဘက်ကမူ အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကြောင့် “ဆုံးရှုံးမှုမှာ အကန့်အသတ်သာ”ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
အစ္စရေးက လတ်တလောတွင် အီရန်အချို့ဒေသများ၌ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေခြင်းအပေါ် အီရန်က “အစ္စရေးကို နောင်တရစေမည့် ပြင်းထန်သော” တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု အီရန်နိုင်ငံ Tasnim သတင်းအေဂျင်စီက အီရန်ထိပ်တန်းခေါင်းဆောင်ရုံးအကြီးအကဲ Mohammad Mohammadi Golpayegani ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။
အစ္စရေးနှင့် အီရန်တို့သည် နှစ်ပေါင်းများစွာ အပြန်အလှန် ရန်ပြုခဲ့ကြသည်။ အီရန်နိုင်ငံက နျူကလီယားလက်နက်များ တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် ၎င်း၏ အရှေ့အလယ်ပိုင်းဒေသရှိ “ကိုယ်စားလှယ်များ” မှတစ်ဆင့် ဒေသတွင်းတည်ငြိမ်မှုကို ဖျက်ဆီးသည်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။ ထို့အပေါ် အီရန်က အခိုင်အမာ ငြင်းဆိုခဲ့ပြီး ၎င်း၏နျူကလီးယားစီမံကိန်းသည် ငြိမ်းချမ်းရေးအတွက် အပြည့်အဝ ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အောက်တိုဘာ ၂၆ ရက်က အစ္စရေးသည် အီရန်ကို စတင်မတိုက်ခိုက်မီ အမေရိကန် အစိုးရသည် အီရန်၏ နျူကလီးယား အဆောက်အအုံများအား တိုက်ခိုက်ခြင်းအပေါ် မထောက်ခံခဲ့သလို အီရန်၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးရန်လည်း အားမပေးခဲ့ကြောင်း သိရသည်။
အစ္စရေးသည် ယခုအခါ အီရန်အား တိုက်ခိုက်ရာတွင် “ယခင်ကထက် ရွေးချယ်စရာ ပိုများလာသည်”ဟု နေတန်ယာဟုက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ နေတန်ယာဟုက စစ်ဘက်နှင့် လုံခြုံရေးဌာနများအတွက် သတ်မှတ်ထားသော “အမြင့်ဆုံးရည်မှန်းချက်” မှာ အီရန်မှ နျူကလီယားလက်နက်များ ရရှိခြင်းကို တားဆီးရန်ဖြစ်ကြောင်း သိရသည်။
အီရတ်က ကြားဝင်ညှိနှိုင်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှု အခြေအနေများ ဆက်လက်မြင့်တက်လျက်ရှိရာ အီရတ်အစိုးရသည် ၎င်းအား ဤပဋိပက္ခထဲသို့ ဆွဲခေါ်သွားမှုကို ငြင်းဆိုခဲ့သည်။ ဒေသတွင်း ပဋိပက္ခများသည် အီရတ်စီးပွားရေး ပြန်လည်ဦးမော့လာမှုအပေါ် သက်ရောက်မှုရှိခြင်း၊ အမေရိကန်နှင့် အီရန်ကြား ထိန်းသိမ်းထားသည့် သိမ်မွေ့နက်နဲသည့် ဟန်ချက်ညီမှု ပျက်စီးသွားမည်ကို အီရတ်နိုင်ငံ အစိုးရက စိုးရိမ်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် အီရတ်စစ်ပွဲကို စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်တွင် အီရတ်မှ တပ်များကို ရုပ်သိမ်းခဲ့သော်လည်း ယင်းနိုင်ငံအတွင်း ၎င်းတပ်ဖွဲ့ဝင်အနည်းငယ် ကျန်ရှိနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရတ်နိုင်ငံတွင်းရှိ ပြည်သူ့စစ်အများအပြားသည် အီရန်ဦးဆောင်သော အစ္စရေးဆန့်ကျင်ရေးမဟာမိတ် “Axis of Resistance” ဖွဲ့စည်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အီရတ်သည် အမေရိကန်၊ အီရန် နှစ်နိုင်ငံစလုံးနှင့် ရှုပ်ထွေးလှသော ဆက်စပ်များမှု ရှိသည်ဟု ဆိုနိုင်သည်။
အီရတ်နိုင်ငံ လုံခြုံရေးအရာရှိများသည် လတ်တလောတွင် အီရန်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက် လည်ပတ်ကာ အီရန်နိုင်ငံအနေဖြင့် ၎င်းပံ့ပိုးထားသော အီရတ်ပြည်သူ့စစ်အား အစ္စရေးကို တိုက်ခိုက်ခြင်းမှ တားဆီးပေးရန် မျှော်လင့်ထားသော်လည်း လျစ်လျူရှုခံခဲ့ရကြောင်း၊ ထို့နောက် အီရတ်နိုင်ငံ အစိုးရက အမေရိကန်နိုင်ငံ အစိုးရဘက်သို့ ပြောင်းပြီး အကူအညီတောင်းခဲ့ကြောင်း၊ အကယ်၍ အစ္စရေးက အီရတ်ကို လက်တုံ့ပြန်ရန် ကြံစည်ပါက အမေရိကန်အနေဖြင့် ကြားဝင်ဖျန်ဖြေပေးရန် တောင်းဆိုခဲ့ပြီး အမေရိကန်က သဘောတူညီခဲ့ကြောင်း အီရတ်နိုင်ငံ အစိုးရ သတင်းအရင်းအမြစ်များ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။
ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဖြစ်ပွားပြီးကတည်းက အီရတ်ပြည်သူ့စစ်များသည် ပါလက်စတိုင်းအစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ စစ်ဆင်ရေးအထောက်အကူဖြစ်စေရန် အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်တို့တွင် အစ္စရေးစစ်တပ်က စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေသရွေ့ အဆိုပါအဖွဲ့အစည်းများ၏ အစ္စရေးကို တိုက်ခိုက်နေခြင်းသည် ရပ်တန့်မည်မဟုတ်ကြောင်း “Jundallah” နှင့် “Al-Nojaba” စသည့် အီရတ်ပြည်သူ့စစ်များက သတိပေးခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသနှင့် လက်ဘနွန်တို့အပေါ် အစ္စရေး၏ ကျူးကျော်မှုသည် “အနီရောင်စည်း”ကို ကျော်လွန်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခများအား အဆက်မပြတ် အရှိန်အဟုန်တိုးမြင့်လာစေခြင်းသည် အီရတ်ရှီးရာ (Shia) ဂိုဏ်းများကို “ယခင်က စိတ်ဝင်စားမှု မရှိခဲ့သော” ပဋိပက္ခထဲသို့ ဆွဲသွင်းသွားနိုင်ကြောင်း အီရတ် Think Tank ပညာရှင် ဆူမာလီးယား ဖောင်ဒေးရှင်းမှ ဒါရိုက်တာ Mohammed al-Shumari က ပြောကြားခဲ့သည်။ အကယ်၍ ဒေသတွင်း အခြေအနေ ပြင်းထန်လာပါက “ပမာဏ ပိုမိုကြီးမား၍ ပိုမိုရှုပ်ထွေးသော” အစ္စရေး ခုခံတော်လှန်ရေး လှုပ်ရှားမှုများ ရှိလာနိုင်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။ (Xinhua)

အီရတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Hussein (ယာ) နှင့် အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Araghchi တို့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နေသည်ကို အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………
(Chinese Version)
美媒称伊朗准备报复以色列 伊拉克力避卷入地区冲突
新华社北京11月1日电 据美国媒体日前报道,伊朗准备在接下来几天、或于美国11月5日举行总统选举前从伊拉克境内对以色列发动打击,以回应以军10月末对伊朗军事目标展开的行动。而在地区紧张局势升级之际,作为伊朗邻国,伊拉克与伊朗、美国展开多番沟通,力求避免被拖入地区冲突。
美媒援引以情报:伊朗准备动手
阿克西奥斯新闻网站10月31日援引两名不愿公开姓名的以色列政府官员说法报道,以方所获情报显示,伊朗准备由受其支持的伊拉克民兵武装自伊拉克境内向以色列发射大量无人机和弹道导弹。按照报道说法,伊朗试图避免以色列对伊朗境内战略目标展开又一次报复。
美国有线电视新闻网31日早些时候报道称,伊朗可能于美国总统选举前对以色列10月末发动的打击作出回应。
以色列26日对伊朗境内军事目标实施打击。按照以色列总理本雅明·内塔尼亚胡说法,以军打击了伊朗“防御能力和导弹生产(设施)”。伊朗军方则回应说,以军行动所致“损失有限”。
伊朗塔斯尼姆通讯社援引伊朗最高领袖办公室主任穆罕默德·穆罕默迪·戈尔帕耶加尼的话报道,针对以色列近期对伊朗部分地区实施的军事行动,伊朗将作出“严厉、让以色列后悔”的回应。
以色列与伊朗多年来相互敌对。以方指认伊朗发展核武器以及通过其在中东的“代理人”破坏地区稳定。伊朗坚决否认,称其核项目完全出于和平目的。以色列10月26日对伊朗发动打击前,美国政府不支持以色列打击伊朗核设施,也不鼓励以色列破坏伊朗能源设施。
内塔尼亚胡10月31日说,以色列如今“比以前有更多选项”打击伊朗。内塔尼亚胡给军方和安全部门设置的“最高目标”是阻止伊朗获得核武器。
伊拉克多番斡旋
中东紧张局势持续升温,伊拉克政府拒绝被拖下水。据路透社报道,伊拉克政府担心地区冲突影响伊拉克经济的恢复,打破其在美国与伊朗之间保持的微妙平衡。
美国2003年发动伊拉克战争,2011年年底从伊拉克撤军,但目前仍在该国驻留少量军队。同时,伊拉克境内多个民兵武装是伊朗主导的抗以联盟“抵抗之弧”组成部分。可以说,伊拉克与美国和伊朗均存在千丝万缕的联系。
伊拉克政府消息人士透露,伊拉克安全官员近期多次造访伊朗,希望伊朗阻止受其支持的伊拉克民兵武装袭击以色列,但受冷遇。伊拉克政府转而请求美国政府,若以色列打算报复伊拉克,美方需予调停,获后者允诺。
路透社报道,本轮巴以冲突去年10月爆发以来,伊拉克民兵武装多次袭击以色列境内目标,以策应巴勒斯坦伊斯兰抵抗运动(哈马斯)。“真主旅”“高贵者运动”等伊拉克民兵武装警告,只要以军继续在加沙地带和黎巴嫩推进军事行动,这些组织就不会停止对以色列的袭击。
伊拉克智库苏马里亚基金会主管穆罕默德·舒马里说,以色列对加沙地带和黎巴嫩的侵略已“越过红线”,不断升级的地区冲突可能导致伊拉克什叶派卷入一场“先前并不感兴趣”的冲突。按照他的说法,如果地区局势升级,或有“规模更大、更复杂的”抵抗以色列行动。(王逸君)
图说1:这是2021年1月1日在伊朗首都德黑兰拍摄的地标建筑自由塔。新华社发(艾哈迈德·哈拉比萨斯摄)
图说2:10月13日,伊拉克外长侯赛因(右)同到访的伊朗外长阿拉格齐在首都巴格达举行会谈后参加联合记者会。新华社发(哈利勒·达伍德摄)