Connect with us

Asia

လာအိုအစိုးရ မှ ဆင်ဟွာသတင်းဋ္ဌာနအား “Freedom Medal” ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြင့်

ဆင်ဟွာသတင်းဋ္ဌာနဥက္ကဋ္ဌ ချိုက်မင်းကျို (ဝဲ) အား လာအိုနိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဋ္ဌာန ဝန်ကြီး Bosengkham Vongdara (ယာ) က“Freedom Medal” ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြင့်စဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ အစိုးရသည် နိုင်ငံအတွက် အောင်မြင်မှုများနှင့် အသိအမှတ်ပြုဖွယ် လုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့သော အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ချီးမြှင့်သည့် “Freedom Medal” ဂုဏ်ထူးဆောင်ဆုတံဆိပ်အား လာအို-တရုတ် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကျင်းပနေသည့်ကာလဖြစ်သော ဖေဖော်ဝါရီ ၂ရက်တွင် တရုတ်နိုင်ငံ ဆင်ဟွာသတင်းဋ္ဌာန နှင့် ဆင်ဟွာသတင်းဋ္ဌာနဥက္ကဋ္ဌ ချိုက်မင်းကျို အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာသတင်းဋ္ဌာန နှင့် ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို တို့သည် လာအို-တရုတ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို မြှင့်တင်ပြီး လာအိုသတင်းဋ္ဌာန (KPL) ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့များ ပေးခဲ့သည့်အတွက် လာအိုနိုင်ငံ သတင်းအချက်အလက်၊ ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဋ္ဌာန ဝန်ကြီး Bosengkham Vongdara က လာအိုနိုင်ငံ အစိုးရကိုယ်စား ယင်းဆုတံဆိပ်များကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ချိုက် က လာအိုနိုင်ငံ ၏ အဖိုးတန်တော်လှန်ရေးသမိုင်းကို ကိုယ်စားပြုသည့် ယင်းဆုတံဆိပ်များကို ချီးမြှင့်ပေးသည့် လာအိုနိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ လာအို-တရုတ် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး တိုးတက်လာစေရန်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှုများ မြှင့်တင်ရန် ဆောင်ရွက်ခဲ့သော ဆင်ဟွာသတင်းဋ္ဌာန၏ ကြိုးပမ်းလုပ်ဆောင်ချက်များကို ချီးကျူးဂုဏ်ပြုခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆင်ဟွာသတင်းဋ္ဌာန သည် လာအိုနိုင်ငံ နှင့် ပတ်သက်သော သတင်းများကို အထူးအလေးထား ပါကြောင်း နှင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရေးပေါင်းကူးတံတားတည်ဆောက်ရန် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ချိုက်က ဆင်ဟွာသတင်းဋ္ဌာနသည် တရုတ်-လာအို ရိုးရာမပျက်ချစ်ကြည်ရင်းနှီးမှုဖြစ်သော အိမ်နီးချင်းကောင်း၊ သူငယ်ချင်းကောင်း၊ ရဲဘော်ကောင်း နှင့် မိတ်ဖက်ကောင်း ဆက်ဆံရေးကို ပိုမိုတိုးတက်အောင် အနာဂတ်တွင် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် လာအိုနိုင်ငံ တို့အကြား အနာဂတ်မျှဝေသည့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ခြင်းကို အားပေးလုပ်ဆောင်ခြင်းအပါအဝင် တရုတ်နိုင်ငံ မှ အဆိုတင်သွင်းသည့် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်ဆောင်ရွက်မှု နှင့် လာအိုနိုင်ငံ၏ မဟာဗျူဟာဖြစ်သော ကုန်းတွင်းပိတ်နိုင်ငံ မှ ကုန်းချင်းချိတ်ဆက်သည့် နိုင်ငံသို့ ပြောင်းလဲမှု တို့ ပူးပေါင်းဆောင်ရွက်ခြင်းကို အရှိန်မြှင့်တင်ရန် ဆင်ဟွာသတင်းဋ္ဌာနမှလည်း ပိုမိုကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချိုက်ကပြောကြားခဲ့သည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် သွားရောက်ခဲ့သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ လာအိုနိုင်ငံခရီးစဉ် အတွင်း ရရှိခဲ့သော ရလဒ်များကို ပြီးပြည့်စုံအောင် အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် နှင့် လာအို-တရုတ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန် လာအို-တရုတ် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဗီယန်ကျင်းမြို့၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.