Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရီယိုဒီဂျနေးရိုးသို့ ရောက်ရှိ၊ ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်၍ ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် လာရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘရာဇီး ဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ လူလာ၏ ဖိတ်ကြားချက်အရ ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်စတင်ရန် ဒေသစံတော်ချိန် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီး ဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ လူလာ၏ ဖိတ်ကြားချက်အရ ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်စတင်ရန် ဒေသစံတော်ချိန် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိခဲ့ရာ ဖြစ်ကြောင်း သိရသည်။

အထူးလေယာဉ်သည် ရီယိုဒီဂျနေးရိုးမြို့ရှိ Galeão လေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိချိန်တွင် ဘရာဇီးအစိုးရ အဆင့်မြင့်အရာရှိများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြရာ ဘရာဇီးလေတပ် ခရာမှုတ်တပ်ဖွဲ့က ခရာမှုတ်အလေးပြုခဲ့ကြသလို ဂုဏ်ပြုတပ်ဖွဲ့စစ်သည်တော်များက ကော်ဇော်နီနှစ်ဖက်တွင် ခြံရံခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန်က လေဆိပ်တွင် စာလွှာဖြင့် မိန့်ခွန်းစကားပြောကြားရာ ဘရာဇီးအစိုးရနှင့် ဘရာဇီးပြည်သူများအား ရင်းနှီးစွာ နှုတ်ခွန်းဆက်သကြောင်းနှင့် ဆုမွန်ကောင်းတောင်းစကား ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က မိမိအနေဖြင့် ဘရာဇီးနိုင်ငံကို ၄ ကြိမ်ရောက်ရှိဖူးရာ နှစ်ပေါင်း ၃၀ နီးပါး ဘရာဇီးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အပြောင်းအလဲများကို ကိုယ်တိုင်မျက်မြင် သက်သေပြုခဲ့ရပါကြောင်း၊ ဤလှိုက်လှဲနွေးထွေးမှုရှိသောနေရာကို နောက်ထပ်တစ်ကြိမ် ခြေချရောက်ရှိလာရခြင်းက မိမိအတွက် အဆမတန် ရင်းနှီးမှုရှိသည်ဟု ခံစားရပါကြောင်း ထောက်ပြပြောကြားခဲ့သည်။ တရုတ်နှင့် ဘရာဇီးသည် စိတ်တူကိုယ်တူ မိတ်ဆွေကောင်း၊ လက်တွဲတူညီ ရှေ့သို့ လှမ်းချီကြသည့် မိတ်ဖက်ကောင်းများ ဖြစ်ကြကြောင်း၊ ကမ္ဘာ့ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံကြီးအနေဖြင့် တရုတ်-ဘရာဇီးသည် ကြီးမားကျယ်ပြန့်သည့် ပင်လယ်သမုဒ္ဒရာခြားထားသော်လည်း အပြန်အလှန်ဆွဲဆောင်မှု၊ အဝေးမှ အပြန်အလှန်ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု ရှိကြကြောင်း၊ ယခုနှစ်များတွင် နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ဆက်တိုက် နက်ရှိုင်းလာသလို လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်း၏ အသီးအပွင့်များ လှိုင်လှိုင်ရရှိလာကြောင်း၊ လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ခြင်း ပန်းများ ပို၍ ပွင့်လန်းလာပြီး အစဉ်အလာ ချစ်ကြည်ရေးတွင် ခေတ်ကာလရှင်သန်စွမ်းအားသစ်ကို တောက်ပစေခဲ့ကြောင်း၊ နိုင်ငံတကာရေးရာတွင် ကမ္ဘာ့တောင်ဘက်ခြမ်း၏ တရားမျှတမှုအသံကို အတူတကွ ထုတ်လွှင့်ခဲ့ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ယခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ ရှေးလုပ်ငန်းစဉ်များကို ဆက်ခံကာ အနာဂတ်လုပ်ငန်းစဉ်များကို ဖွင့်လှစ်သည့် အရေးကြီးသမိုင်းအချိန်အခါတွင် မိမိအနေဖြင့် သမ္မတ လူလာနှင့်အတူ တရုတ်-ဘရာဇီး ဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်ရန်၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုကို အားဖြည့်ရန်နှင့် ဘုံ ဂရုပြုကြသည့် နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များတွင် အမြင်သဘောထားချင်း နက်ရှိုင်းစွာ ဖလှယ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် အလည်အပတ် ခရီးစဉ်သည် နှစ်နိုင်ငံ မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တိုးစေမည်၊ နှစ်ဖက်ကဏ္ဍစုံ ပူးပေါင်းဖလှယ်ရေးကို နက်ရှိုင်းစေမည်၊ တရုတ်-ဘရာဇီး ဆက်ဆံရေး နောက်ထပ် “ရွှေရောင် နှစ် ၅၀” ကို လမ်းညွှန် ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး ဘက်ပေါင်းစုံနှင့်အတူ အစီအစဉ်ကြီးများ အတူတကွဆွေးနွေးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ကြိုးပမ်းမှု၊ တန်းတူညီမျှ စနစ်ကျသည့် ကမ္ဘာ့ဗဟုအသွင်တိုက်တွန်းခြင်း၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ကို အတူတကွ အဆိုပြုတိုက်တွန်းမှု ပြုကာ G20 အား နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရေးကြီးပလက်ဖောင်းအနေဖြင့် ပို၍ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါအထူးလေယာဉ်နှင့်အတူ ချိုက်ချီ၊ ဝမ်ရိ စသည်တို့လည်းအတူ ရောက်ရှိခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျုချင်းချောင်လည်း လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘရာဇီး ဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ လူလာ၏ ဖိတ်ကြားချက်အရ ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်စတင်ရန် ဒေသစံတော်ချိန် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိခဲ့ရာ ကြိုဆိုနေကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဘရာဇီး ဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတ လူလာ၏ ဖိတ်ကြားချက်အရ ၁၉ ကြိမ်မြောက် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် ဘရာဇီးနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်စတင်ရန် ဒေသစံတော်ချိန် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက အထူးလေယာဉ်ဖြင့် ရီယိုဒီဂျနေးရိုးမြို့သို့ ရောက်ရှိခဲ့ရာ ကြိုဆိုနေကြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
习近平抵达里约热内卢出席二十国集团领导人第十九次峰会并对巴西进行国事访问
新华社里约热内卢11月17日电(记者陈威华 马峥)当地时间11月17日下午,国家主席习近平乘专机抵达里约热内卢,应巴西联邦共和国总统卢拉邀请,出席二十国集团领导人第十九次峰会并对巴西进行国事访问。
专机抵达里约热内卢加里昂空军基地时,巴西政府高级官员热情迎接。巴西空军号手吹号致敬,礼兵分列红毯两侧。
习近平发表机场书面讲话,向巴西政府和巴西人民致以诚挚问候和良好祝愿。
习近平指出,我曾4次到访巴西,亲眼见证了巴西近30年来的发展变化,再次踏上这片热情的土地,我倍感亲切。中国和巴西是志同道合的好朋友、携手前行的好伙伴。作为东西半球两大发展中国家,中巴虽然远隔重洋,但彼此吸引,遥相呼应。近年来,两国政治互信持续深化,务实合作硕果累累,人文合作多点开花,传统友谊焕发出新的时代生机,在国际上共同发出全球南方的正义声音,为促进世界和平和发展作出重要贡献。
习近平指出,今年,两国隆重庆祝建交50周年。站在承前启后、继往开来的重要历史节点,我期待同卢拉总统就进一步提升中巴关系、加强两国发展战略对接及共同关心的国际和地区问题深入交换意见。相信这次访问将进一步增进两国战略互信,深化双方各领域交流合作,引领中巴关系开启下一个“黄金50年”。我也期待出席二十国集团领导人第十九次峰会,同各方一道,共商大计,共谋发展,共同倡导平等有序的世界多极化、普惠包容的经济全球化,推动二十国集团作为国际经济合作重要平台继续发挥更大作用。
蔡奇、王毅等陪同人员同机抵达。
中国驻巴西大使祝青桥也到机场迎接。
1. 当地时间11月17日下午,国家主席习近平乘专机抵达里约热内卢,应巴西联邦共和国总统卢拉邀请,出席二十国集团领导人第十九次峰会并对巴西进行国事访问。 新华社记者 丁海涛 摄
2,3. 当地时间11月17日下午,国家主席习近平乘专机抵达里约热内卢,应巴西联邦共和国总统卢拉邀请,出席二十国集团领导人第十九次峰会并对巴西进行国事访问。这是欢迎人群。 新华社记者 李琰 摄