Connect with us

Africa & Middle East

အီရန်နိုင်ငံအလယ်ပိုင်း၌ ခရီးသည်တင်လေယာဉ်ပျက်ကျရာ ၆၆ ဦးသေဆုံး

အီရန်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၈ ရက်က ပျက်ကျသွားသော လေယာဉ် အပိုင်းအစများ အားတွေ့ ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ခရီးသည်တင်လေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Dena တောင်တန်းပေါ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ ၊ လေယာဉ်ပေါ်လိုက်ပါလာသူ ၆၆ ဦးစလုံး သေဆုံးသွားကြောင်း အီရန်နိုင်ငံမြို့ပြလေကြောင်းပို့ဆောင်ရေးဌာနအကြီးအကဲ Abed Zadeh ကအတည်ပြုပြောကြားခဲ့သည်။

အီရန် Aseman လေကြောင်းလိုင်းပိုင် ATR-72 ခရီးသည်တင်လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် စတင်ပျံသန်းခဲ့ပြီး နိုင်ငံအလယ်ပိုင်း Semirom မြို့Bideh ရွာအနီး၌ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။ ၎င်းလေယာဉ်သည် Yasuj သို့မဆိုက်ရောက်မီ ၁၈၅.၂ ကီလိုမီတာအကွာ၌ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုဌာန အကြီးအကဲ Pir-Hossein က ပြောကြားခဲ့ကြောင်း ပြည်တွင်း တီဗွီရုပ်သံတစ်ခုက ထုတ်လွှင့်ခဲ့သည်။

အဆိုပါလေယာဉ်သည် တီဟီရန်လေဆိပ်မှ ပျံတက်ပြီး မိနစ် ၅ဝ အကြာတွင် ရေဒါမှ ပျောက်ဆုံးသွားခဲ့ကြောင်း ၊ လေယာဉ်ပေါ်တွင် ခရီးသည် ၆ဝ ဦး နှင့် လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါသွားကြောင်း သိရသည်။

အီရန်နိုင်ငံ Isfahan ပြည်နယ် လခြမ်းနီ အဖွဲ့ဒုတိယအကြီးအကဲ Karimi က IRIB သတင်းဌာနသို့ပြောကြားခဲ့ရာတွင် လေယာဉ်ပျက်ကျမှုသည် အဓိကအချက် နှစ်ချက်ပေါ်တွင် ဖြစ်နိုင်ကြောင်း ၊ ၎င်းတို့မှာ ဆိုးရွာသောရာသီဥတုအခြေအနေ နှင့် တောင်တန်းထူထပ်သော ပထဝီမြေပြင်အနေအထားကြောင့် ဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.