Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတွင် ၁၀ လတာကာလအတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁,၆၀၀ ကျော် သေဆုံး

မြန်မာနိုင်ငံ ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် မီနီဘတ်စ်တိမ်းမှောက်သောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Rescue Organization/Handout via Xinhua)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယာဉ်တိုက်မှု ၃,၂၃၄ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁,၆၇၆ ဦး သေဆုံးကာ ၄,၇၀၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ကိန်းဂဏန်းအရေအတွက်များမှာ ယမန်နှစ် အလားတူကာလက ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ၄,၀၅၀ မှု၊ သေဆုံးသူ ၂,၀၆၈ ဦး၊ ဒဏ်ရာရသူ ၅,၆၅၆ ဦးနှင့် နှိုင်းယှဉ်ပါက အသီးသီးလျော့ကျခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်တိုက်မှု ၆၉၀ မှုဖြစ်ပွားခဲ့ရာ ယခုနှစ်အတွင်း ယာဉ်တိုက်မှုအများဆုံးဖြစ်ခဲ့ပြီး ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ၄၈၇ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၃၇ မှု အသီးသီးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်က ယာဉ်တိုက်မှုများကြောင့် လူပေါင်း ၂,၄၂၂ ဦး သေဆုံးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ (Xinhua)
—————————
(English Version)
Traffic accidents kill over 1,600 people in Myanmar in 10 months
YANGON, Dec. 18 (Xinhua) — Myanmar reported 3,234 traffic accidents, resulting in 1,676 deaths and 4,706 injuries from January to October this year, according to the Road Transport Administration Department on Wednesday.
The numbers decreased compared to the same period last year, when 4,050 accidents, 2,068 deaths and 5,656 injuries were recorded respectively.
Yangon region had the highest number of accidents this year, with 690, followed by Ayeyarwady region with 487 and Bago region with 437.
A total of 2,422 people were killed in traffic accidents in Myanmar in 2023.
Photo: Rescuers work at the spot of a minibus accident in Ywangan township of Shan state, Myanmar, Oct. 28, 2024. (Myanmar Rescue Organization/Handout via Xinhua)