China
တရုတ်နိုင်ငံသားများအား ဘရာဇီးနိုင်ငံက ဗီဇာကင်းလွတ်ပြည်ဝင်ခွင့်ပေးမည်
ဘရာဇီးလီးယား၊ မေ ၈ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံအနေဖြင့် တရားဝင်ဖြစ်သော သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပြုသည့် မူဝါဒကို ၂၀၂၆ ခုနှစ် မေ ၁၁ ရက်မှ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဘရာဇီးအစိုးရက မေ ၇ ရက်၌ ကြေညာခဲ့သည်။
အဆိုပါစီမံချက်မှာ ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ခရီးစဉ်အကူးအပြောင်းအတွက် သို့မဟုတ် အနုပညာဆိုင်ရာနှင့် အားကစားအစီအစဉ်များတွင် ပါဝင်နိုင်ရေးအတွက် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကြောင်း ဘရာဇီးနိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပြန်အလှန်အကျိုးဖြစ်ထွန်းရေးမူဝါဒအား လိုက်နာခြင်းအားဖြင့် ဘရာဇီးအစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သက်တမ်းရှိ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအတွက် သက်တမ်းမတိုးနိုင်သော ရက် ၃၀ အထိ နေထိုင်ခွင့်ကို ဗီဇာမလိုဘဲ ခွင့်ပြုပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစီမံချက်မှာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်ကြောင်းလည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
……………………
(English Version)
Brazil to grant visa-free entry to Chinese citizens
BRASILIA, May 7 (Xinhua) — The Brazilian government announced Thursday that Brazil will implement a visa-free entry policy for Chinese citizens holding valid ordinary passports, starting May 11, 2026.
The measure aims to facilitate travel for tourism, business, transit, or to participate in artistic or sporting activities, according to the official Brazilian gazette.
The Brazilian government, in observance of the principle of reciprocity, will waive visa requirements for holders of valid ordinary passports of the People’s Republic of China for stays of up to 30 days, non-extendable, according to the gazette.
It said that the measure will be valid until Dec. 31, 2026. ■
English Caption
An aircraft takes off at Santos Dumont Airport in Rio de Janeiro, Brazil, on March 1, 2024. (Xinhua/Wang Tiancong)
