Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စပိန်လာလီဂါ ပွဲစဥ်-၁၈ ၏ ပွဲကြီးပွဲကောင်းအဖြစ် ဘာစီလိုနာနှင့် အက်သလက်တီကို ယှဥ်ပြိုင်ကစားမည်
ဘာစီလိုနာအသင်းအနေဖြင့် ယခုနှစ်ကုန်အထိ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ခြေစွမ်းပိုင်းနှင့် ရလဒ်ပိုင်း ကျဆင်းနေမှုကို ရပ်တန့်နိုင်ရန် လိုအပ်နေပြီ ဖြစ်သော်လည်း နည်းပြ ဟန်ဆီဖလစ်ခ်၏ အသင်းအနေဖြင့် ယခုတစ်ပတ် လာလီဂါပွဲစဥ်-၁၈ တွင် အက်သလက်တီကို မက်ဒရစ်အား အိမ်ကွင်း၌ ပွဲကျပ်ကစားရမည်ဖြစ်သည်။
အမှတ်ပေးဇယားတွင် ဘာစီလိုနာနှင့် အက်သလက်တီကိုတို့က ရမှတ်ချင်းတူနေသော်လည်း လတ်တလော စွမ်းဆောင်ရည်ပိုင်းတွင်မူ အလွန်ကွာခြားလျက်ရှိပြီး ဘာစီလိုနာက နောက်ဆုံး ၆ ပွဲတွင် ၅ မှတ်သာ ရရှိထားကာ လွန်ခဲ့သည့် တစ်ပတ်ကလည်း လီဂါနက်စ်အား အိမ်ကွင်း၌ ၀-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည်။
ယခုပွဲစဥ်တွင် လူငယ်ကြယ်ပွင့် လာမင်းယမားလ် ခြေချင်းဝတ်ဒဏ်ရာကြောင့် မပါဝင်နိုင်သဖြင့် ဖလစ်ခ်အနေဖြင့် အဓိက ကစားသမားတစ်ဦးကို ဆုံးရှုံးရမည်ဖြစ်သော်လည်း နောက်ခံလူ ရော်နယ် အာရူဟိုမှာ ယခုရာသီတွင် ပထမဆုံး ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်။
အက်သလက်တီကိုမှာမူ ဘာစီလိုနာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် ၇ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး တိုက်စစ်တွင် ဂျူလီယန် အယ်လ်ဗာရက်ဇ်နှင့် အန်တိုနီယို ဂရီးဇ်မန်း အတွဲအဖက်က ခြေစွမ်းပြနေသလို ဘာစီလိုနာအနေဖြင့် ခံစစ် high line တင်ကစားမည်ဆိုပါက အက်သလက်တီကို၏ deep zone မှ မားကို့စ် လော်ရန်တေး၏ ပြေးအား၊ ရုန်းအားတို့ကလည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာဖွယ်ရှိသည်။
အင်တာကွန်တီနင်တယ်ဖလားအား ပူပူနွေးနွေး ဆွတ်ခူးထားသည့် ရီးရဲလ်မက်ဒရစ်အသင်းကမူ အမှတ်ပေးဇယားအလယ်၌ ဖိအားကင်းကင်းနှင့် ရပ်တည်နေသည့် ဆီဗီလာအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားကာ ၂၀၂၄ ခုနှစ်အား အဆုံးသတ်မည်ဖြစ်သည်။
…..
— ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းက ဗစ်တာ ပါရဲယားအား နည်းပြသစ်အဖြစ် ခန့်အပ်
ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသည့် ဝူဗာဟမ်တန်အသင်းက ဗစ်တာ ပါရဲယားအား ပထမအသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ဒီဇင်ဘာ ၁၉ ရက်၌ အတည်ပြုခဲ့သည်။ ပေါ်တူဂီ ထိပ်တန်းအသင်းတစ်သင်းဖြစ်သည့် ပေါ်တိုအား ကိုင်တွယ်ဖူးသည့် ပါရဲယားမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-ရှာဘတ်အသင်းမှ ဝူဗာဟမ်တန်အသင်းထံ ပြောင်းရွှေ့လာခြင်းဖြစ်ကာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကုန်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
…..
— Friedkin Group က အဲဗာတန်အသင်းအား အပြီးသတ်လွှဲပြောင်းဝယ်ယူ
ပရီးမီးယားလိဂ်၏ ခွင့်ပြုချက် ရရှိပြီးနောက် Friedkin Group လုပ်ငန်းစုက ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းအား ဒီဇင်ဘာ ၁၉ ရက်၌ အပြီးသတ် လွှဲပြောင်းဝယ်ယူလိုက်ပြီဖြစ်သဖြင့် အသင်းပိုင်ရှင် ဖာဟက် မိုရှီရီ၏ အခန်းကဏ္ဍသာမက အသင်း၏အနာဂတ်နှင့် စပ်လျဥ်း၍ နှစ်နှင့်ချီ ဖြစ်ပေါ်ခဲ့သည့် မရေရာမှုများသည်လည်း အဆုံးသတ်သွားပြီဖြစ်သည်။
သို့ဖြစ်ရာ အဲဗာတန်အသင်းမှာ ပရီးမီးယားလိဂ်တွင် အမေရိကန်နိုင်ငံသား ပိုင်ဆိုင်သည့် ဒသမမြောက်အသင်း ဖြစ်လာခဲ့ပြီး ကလပ်အသင်းတန်ဖိုးမှာ ပေါင်သန်း ၄၀၀ ကျော် (အမေရိကန်ဒေါ်လာ ၅၀၂ သန်း) ရှိလာမည်ဟု ယူဆရသည်။ အဲဗာတန်အသင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၌ ပရိသတ် ၆၀,၀၀၀ ဆံ့သော ‘Everton Stadium’ ကွင်းသစ်ကြီးဆီသို့ မပြောင်းရွှေ့မီတွင် ယခုကဲ့သို့ ကလပ်အသင်းအား အပြီးသတ်ဝယ်ယူမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ (Xinhua)


…………………….
(English Version)
Barca vs Atletico the big game in Spain but Real Madrid could be the winner
FC Barcelona needs to stop the slide in form and results it has suffered in recent weeks if it wants to end 2024 at the top of La Liga, but Hansi Flick’s side has a difficult game at home to Atletico Madrid in the 18th round of matches in Spain this weekend.
Barca and Atletico are level at the top of the table, but their recent performances have been very different, with Barca going into the game after taking just five points from its last six matches and on the back of a shock 1-0 defeat at home to Leganes last weekend.
That game also saw it lose Lamine Yamal with an ankle injury, which robs Flick of a key player, although defender Ronald Araujo is set to return for his first appearance of the season.
Atletico’s form is a stark contrast to Barcelona, after seven consecutive league wins, with the partnership of Julian Alvarez and Antoine Griezmann starting to gel in attack, while the runs of Marcos Llorente from deep could also be a factor if Barca continue with its high defensive line.
Newly crowned Intercontinental Cup champion Real Madrid ends 2024 at home to Sevilla who is comfortable in mid-table under.
…..
Premier League strugglers Wolves name Vitor Pereira as new coach
Wolverhampton Wanderers on Thursday confirmed Vitor Pereira as their new first team coach. Pereira, who has coached Portuguese giants Porto, joins from Saudi Pro League club Al-Shabab and has agreed a contract until the end of the 2025-2026 season.
…..
Friedkin Group completes Everton takeover after receiving Premier League OK
The Friedkin Group on Thursday completed the takeover of Premier League club Everton, ending the ownership of Farhad Moshiri and years of uncertainty over the club’s future.
The deal, that makes Everton the 10th club in the Premier League under American control, is thought to be worth more than 400 million pounds (502 million U.S. dollars) and comes before the club moves to its new 60,000 capacity ‘Everton Stadium’ for the 2025-2026 season.