China
တရုတ်နိုင်ငံက ပါကစ္စတန်ဂြိုဟ်တုနှင့် အခြားဂြိုဟ်တုနှစ်စင်း လွှတ်တင်
ကျိုချွမ်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ပါကစ္စတန်ဂြိုဟ်တု တစ်စင်းကို အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဇန်နဝါရီ ၁၇ ရက်၌ လွှတ်တင်ခဲ့သည်။
PRSC-EO1 ဟု အမည်ပေးထားသော အဆိုပါ ဂြိုဟ်တုကို Long March-2D သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂:၀၇ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းဒုံးပျံသည် Tianlu-1 နှင့် Lantan-1 ဟု အမည်ပေးထားသည့် အခြားဂြိုဟ်တုနှစ်စင်းကိုလည်း သယ်ဆောင်သွားခဲ့သည်။ ယခုအကြိမ်လွှတ်တင်မှုသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး ပါဝင်သည့် ၅၅၆ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်လည်း ဖြစ်သည်။ (Xinhua)
……………………………
(English Version)
China launches Pakistani satellite, two others
JIUQUAN, Jan. 17 (Xinhua) — China on Friday sent a Pakistani satellite into space from the Jiuquan Satellite Launch Center in northwest China.
The satellite, named PRSC-EO1, was launched at 12:07 p.m. (Beijing Time) by a Long March-2D carrier rocket and entered its planned orbit successfully.
The rocket also carried two other satellites, namely Tianlu-1 and Lantan-1. This launch marked the 556th flight mission involving the Long March carrier rocket series.