Connect with us

China

လိမ်လည်မှုများတွင် ပါဝင်ပတ်သက်သည့် သံသယရှိသူ အသုတ်ပေါင်းများစွာကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ရှိဦးမည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဖေဖော်ဝါရီ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ပထမအသုတ် ပြန်လည်ပို့ဆောင်ခဲ့သော လိမ်လည်မှု၌ ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား သံသယရှိသူ ၂၀၀ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့က တရုတ်နိုင်ငံသို့ ထိန်းသိမ်းခေါ်ဆောင်ခဲ့သည်။ လိမ်လည်မှု၌ ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသား သံသယရှိသူ ၂၀၀ ဦး ပထမအသုတ်အပြင် နောက်ထပ် သံသယရှိသူ အများအပြားကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဖေဖော်ဝါရီ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။

လတ်တလောတွင် ထိုင်း- မြန်မာ နယ်စပ်ဒေသများတွင် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုများ ဆိုးရွားစွာဖြစ်ပွားနေမှုနှင့် ပတ်သက်၍ တရုတ်၊ ထိုင်း၊ မြန်မာ စုပေါင်းအင်အားဖြင့် ပူးပေါင်းနှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာ ဆက်သွယ်ရေးလိမ်လည်မှု လုပ်ဆောင်သည့်စခန်းအများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး ရာဇာဝတ်မှုကျူးလွန်သည့် သံသယရှိသူအများအပြားကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ကောကျားခွန်းက မိတ်ဆက်ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ထိုင်း၊ မြန်မာဘက်ရဲ့ အားကောင်းခိုင်မာတဲ့ အစီအမံတွေနဲ့ ဆက်သွယ်ရေးလိမ်လည်မှု အဖွဲ့များကိုနှိမ်နင်းခြင်း၊ တရုတ်နိုင်ငံနဲ့ နိုင်ငံအသီးသီးမှ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ခြင်းအပေါ် တန်ဖိုးထားချီးကျူးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုတွေ လုပ်ဆောင်တာက သူတစ်ပါးနှင့် မိမိကိုယ်ကို ထိခိုက်နစ်နာစေပြီး ဥပဒေကွန်ရက်က လွတ်မြောက်မှာ မဟုတ်ဘူး”၊ ပိတ်မိနေသော တရုတ်နိုင်ငံသားများအား ကယ်ဆယ်ခြင်းမှ သုံးပွင့်ဆိုင် လျှပ်တပြက်ပူးပေါင်းဆောင်ရွက်မှုအထိ တရုတ်နိုင်ငံနှင့် နိုင်ငံအသီးသီး၏ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှုများကို ပူးတွဲ နှိမ်နင်းရန်၊ တရုတ်နိုင်ငံသားများ၏ ဘဝလုံခြုံမှုနှင့် တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ဆုံးဖြတ်ချက်သည် ကျောက်သားသဖွယ် ခိုင်မာလှကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပနိုင်ငံများရှိ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးများက ကောင်စစ်ဝန်၏ အကာအကွယ်ပေးမှုနှင့် အကူအညီပေးမှုများကို ဆက်လက် အားဖြည့်သွားမည်ဖြစ်ပြီး ပြည်ပရောက် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို အစွမ်းကုန် ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
外交部:预计还有多批涉诈犯罪嫌疑人将被陆续押解回国
新华社北京2月21日电(记者马卓言、冯歆然)缅甸向中国遣返的首批200名中国籍涉诈犯罪嫌疑人20日经泰国被中方公安机关押解回国。外交部发言人郭嘉昆21日在例行记者会上答问时表示,据了解,除了首批200名中国籍犯罪嫌疑人外,预计还有多批犯罪嫌疑人将被陆续押解回国。
郭嘉昆介绍,近期,针对泰缅边境地区连续发生网赌电诈恶性案件,中国、泰国、缅甸合力开展集中打击行动,多个电诈窝点被铲除,大批嫌犯落网。
“中方对泰方和缅方采取强有力措施摧毁电诈团伙、维护中国及各国公民生命财产安全表示赞赏。”他说。
“搞网赌电诈,害人害己,难逃法网。”郭嘉昆表示,从解救被困中国公民到三方雷霆式合作,中方与各国携手打击跨境网赌电诈、保护中国公民生命安全与合法权益的决心坚若磐石。外交部及驻外使领馆将继续加强领事保护与协助,全力维护海外中国公民安全和福祉。(完)