Europe
ပြင်သစ် ပျံသန်းရေး သရုပ်ပြတပ်ဖွဲ့၏ လေယာဉ်နှစ်စင်း တိုက်မိ

ပဲရစ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ပြင်သစ်လေတပ် “Patrouille de France” ပျံသန်းရေး သရုပ်ပြတပ်ဖွဲ့၏ လေယာဉ်နှစ်စင်းသည် မတ် ၂၅ ရက် ညနေပိုင်းတွင် ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Marne ပြည်နယ်၌ လေ့ကျင့်ပျံသန်းစဉ် တိုက်မိခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sébastien Lecornu က အဆိုပါနေ့တွင် လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
ထိုမတော်တဆမှုဖြစ်ပွားခဲ့သော လေယာဉ်နှစ်စင်းမှာ Alpha ဂျက်လေယာဉ် ဖြစ်ပြီး ကယ်ဆယ်ရေးလှုပ်ရှားမှုများ စတင်ခဲ့ပြီးဖြစ်ကြောင်း Lecornu က ပြောကြားခဲ့သည်။
လေယာဉ်ပေါ်ရှိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည် ၁ ဦးသည် အောင်မြင်စွာ ခုန်ချ လွတ်မြောက်ခဲ့ပြီး ပြန်တွေ့သောအခါ “သတိ” ရှိကြကြောင်း၊ လက်ရှိတွင် ထိုလူ ၃ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ပြင်သစ်စစ်တပ်သတင်းကို ကိုးကား၍ ပြင်သစ်မီဒီယာက ဖော်ပြခဲ့သည်။
“Patrouille de France” ပျံသန်းရေး သရုပ်ပြတပ်ဖွဲ့သည် မတ် ၂၄ ရက်မှ မတ် ၂၈ ရက်အထိ Marne ပြည်နယ်တစ်နေရာရှိ လေတပ်အခြေစိုက်စခန်း၌ လေ့ကျင့်မှုပြုလုပ်ရန် မူလက စီစဉ်ထားကြောင်း သတင်းအရ သိရသည်။ (Xinhua)
……………………..
(Chinese Version)
法国飞行表演队两架飞机相撞
新华社巴黎3月25日电(记者张百慧)法国国防部长勒科尔尼25日通过社交媒体说,法国空军“法兰西巡逻兵”飞行表演队两架飞机当天下午在法国东部上马恩省进行飞行训练时相撞。
勒科尔尼表示,事发飞机系两架阿尔法喷气式飞机,救援行动已经启动。
法国媒体援引法国军方消息报道,飞机上的两名飞行员和一名乘客成功弹射逃生,被发现时“意识清醒”,目前3人正在接受救治。
报道说,“法兰西巡逻兵”飞行表演队原定于24日至28日在上马恩省一处空军基地进行训练。(完)