World
၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပရီးမီးယားလိဂ်တွင် လီဗာပူးလ်က ဖူဟမ်ကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာဒါဘီမှာ ဂိုးမရှိသရေလဒ်ဖြင့် အဆုံးသတ်
ဧပြီ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်း ခြေချော်ကာ ဖူဟမ်အား အဝေးကွင်း၌ ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် အာနယ်ဆလော့၏ အသင်းအနေဖြင့် ယခုရာသီ၌ ပရီးမီးယားလိဂ်ဆုဖလားနှင့် ပိုမိုနီးစပ်နိုင်ရေး ကြိုးပမ်းမှုများကို အရှိန်နှေးကွေးစေခဲ့သည်။
အစောပိုင်းတွင် အာဆင်နယ်က အဲဗာတန်အား ၁ ဂိုးစီ သရေကျခဲ့သည့်အတွက် လီဗာပူးလ်အနေဖြင့် ယခုရာသီ လက်ကျန်ပွဲစဉ် ရှစ်ပွဲတွင် ၁၁ မှတ် ရရှိရုံဖြင့် ဆုဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ပွဲကစားချိန် ၁၄ မိနစ်၌ အလက်ဆစ် မက်အယ်လစ္စတာက လီဗာပူးလ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
သို့ရာတွင် မာကိုဆေးလ်ဗား၏ ဖူဟမ်အသင်းက အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပြီး ယခုရာသီ၌ အကောင်းမွန်ဆုံး ပထမပိုင်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။ ရိုင်ယန် ဆက်ဆက်ဂ်နွန်၊ အဲလက်စ် အီဝိုဘီနှင့် ရိုဒရီဂို မူနစ်ဇ်တို့က ၁၄ မိနစ်အတွင်း သုံးဂိုးသွင်းယူခဲ့သဖြင့် ပထမပိုင်းတွင် ဖူဟမ်က ၃-၁ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
လီဗာပူးလ်က ဒုတိယပိုင်းတွင် ပြန်လည်ဖိအားပေးကစားခဲ့ပြီး မိနစ် ၃၀ ပြည့်ရန် ၁၃ မိနစ်အလိုတွင် လူးဝစ္စ ဒီယက်ဇ်က ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ဖူဟမ်က ထိုက်တန်သော အနိုင်ရလဒ်ကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
မန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီးအသင်းတို့၏ မန်ချက်စတာဒါဘီ ပွဲစဉ်မှာမူ နှစ်သင်းစလုံးက အနိုင်ရလဒ်အတွက် လုံလောက်သည့် ခြေစွမ်းမျိုးမပြနိုင်ခဲ့ဘဲ စိတ်ပျက်ဖွယ် ဂိုးမရှိသရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။
…..
— မက်ဆီ ဂိုးသွင်းနိုင်ခဲ့သော်လည်း အင်တာမိုင်ယာမီက တိုရွန်တိုနှင့် သရေကျ
ဧပြီ ၆ ရက်က အင်တာမိုင်ယာမီနှင့် တိုရွန်တိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မေဂျာလိဂ်ပွဲစဉ်တွင် လီယွန်နယ်မက်ဆီက ပထမပိုင်းတွင် အင်တာမိုင်ယာမီအတွက် ဂိုးသွင်းယူပေးခဲ့သော်လည်း အိမ်ကွင်း၌ တစ်ဂိုးစီ သရေရလဒ်သာထွက်ပေါ်ခဲ့သည်။
အင်တာမိုင်ယာမီက ဘောလုံးပိုင်ဆိုင်မှု သုံးပုံနှစ်ပုံကျော် အသာစီးယူ၍ ပွဲကိုထိန်းချုပ်ထားသော်လည်း ဒုတိယပိုင်းတွင် တိုရွန်တိုဂိုးသမား ဂျွန်ဆင်က အကြိမ်ကြိမ် လက်စွမ်းပြကာကွယ်သွားခဲ့ပြီး ၎င်းအနေဖြင့် ယခုပွဲစဉ်၌ ဂိုးပေါက်ကာကွယ်မှု ကိုးကြိမ်ပြုလုပ်ပေးခဲ့သည်။
ယခုပွဲစဉ်၌ အနိုင်ရရှိခဲ့သဖြင့် အင်တာမိုင်ယာမီက ၆ ပွဲကစားထားချိန်တွင် ၁၄ မှတ် ရရှိကာ ၁၅ သင်း ပါဝင်သော Eastern Conference အမှတ်ပေးဇယား ရပ်တည်မှုတွင် ကိုလမ်ဘတ်စ်၏နောက် တစ်မှတ်အကွာဖြင့် အဆင့်-၂ ၌ ရပ်တည်လျက်ရှိပြီး တိုရွန်တိုကမူ လက်ရှိအချိန်အထိ ၃ မှတ်သာရရှိထားကာ အဆင့်-၁၄ ၌ ရပ်တည်လျက်ရှိသည်။
…..
— မူလာအား အသင်း၌ ဆက်ထိန်းထားခြင်း မရှိသည့်အပေါ် ဘိုင်ယန်မြူးနစ်အား တင်းနစ်အကျော်အမော် ဇဲရက်ဗ် ဝေဖန်
ယခုရာသီကုန်၌ ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာမည်ဟု သောမတ်စ်မူလာက ကြေညာခဲ့ပြီးနောက် စိတ်လှုပ်ရှားဖွယ် တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
ဂျာမနီထိပ်တန်း အမျိုးသားတင်းနစ်ကစားသမား အလက်ဇန်းဒါး ဇဲရက်ဗ်က ဘိုင်ယန်အသင်း၏ လုပ်ကိုင်ပုံမှာ ညံ့ဖျင်းကြောင်း ဝေဖန်ခဲ့သည်။ “ပရိသတ်တစ်ယောက်အနေနဲ့ဆိုရင် သူ့ကို အသင်းမှာ ဆက်ပြီးထိန်းမထားတာက ရူးမိုက်ရာကျသလိုပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အသင်း၌ နှစ် ၂၀ ကြာရှိခဲ့ပြီး ခြေစွမ်းပြနေသည့် ကစားသမားတစ်ဦး ထွက်ခွာသွားခြင်းက အကြီးအကျယ် စိတ်ပျက်စရာဖြစ်ကြောင်း အသက် ၂၇ နှစ်အရွယ် ဇဲရက်ဗ်က ဆိုသည်။ ကစားသမားဘက်က အသင်း၌ဆက်နေရန် ဆန္ဒရှိပါက ၎င်းအား နောက်တစ်နှစ်အတွက် ထပ်မံသက်တမ်းမတိုးစရာ အကြောင်းမရှိဟု ယူဆကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
…..
— ၂၀၂၅ ခုနှစ် ISF Gymnasiade အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ၁၄ နှစ်အရွယ် ဓားရေးအားကစားမယ် Min Wenjun ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူး
ဆားဘီးယားနိုင်ငံတွင် ဧပြီ ၆ ရက်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ISF Gymnasiade အားကစားပြိုင်ပွဲ အမျိုးသမီး ဓားရေးပြိုင်ပွဲတွင် တရုတ်အားကစားမယ် Min Wenjun က ပထမဆုံးရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၎င်း၏အသင်းဖော်ဖြစ်သူ Liu Junhan မှာလည်း အမျိုးသားဓားရေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။
ပေကျင်းမြို့ အမှတ်-၃၅ အလယ်တန်းကျောင်းမှ ကျောင်းသူဖြစ်သည့် Min က ဆိုက်ပရပ်စ်နိုင်ငံသူ Sofia Garanina အား ဗိုလ်လုပွဲ၌ ၁၅-၄ မှတ်ဖြင့် အနိုင်ရရှိကာ Gymnasiade ပြိုင်ပွဲတွင် ပွဲဦးထွက်ယှဉ်ပြိုင်ရာ၌ ပထမဆုံး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည်။
အရပ်အမြင့် ၁.၇၅ မီတာရှိသော Min မှာ ၎င်း၏အရပ်အမောင်းနှင့် လက်တံရှည်သည့် အားသာချက်များကို အပြည့်အဝအသုံးချ၍ အဆိုပါပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်ခဲ့ပြီး အောင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………….
(English Version)
Liverpool loses away to Fulham while Manchester derby ends in bore draw in Premierships
Liverpool stumbled in the Premier League on Sunday with a 3-2 defeat away to Fulham, putting the brakes on Arne Slot’s side’s efforts to take another step toward securing this season’s title.
Liverpool went into the game knowing Arsenal’s 1-1 draw at Everton meant 11 points from the last eight games of the season would be enough to win the league. Things appeared to be going to plan when Alexis Mac Allister put Liverpool ahead after 14 minutes.
However, Fulham reacted brilliantly, with Marco Silva’s team producing its best 45 minutes of football this season. Ryan Sessegnon, Alex Iwobi, and Rodrigo Muniz scored three goals in 14 minutes to give Fulham a 3-1 lead at halftime.
Liverpool responded in the second half, and Luis Diaz pulled a goal back with 13 minutes left to play, but Fulham held on for a well-deserved win.
The Manchester derby between Manchester United and Manchester City was a disappointing 0-0 draw, with neither side showing enough to win the game.
…..
Messi scores but Inter Miami held by Toronto
Lionel Messi scored a first-half goal but could not prevent Inter Miami from stumbling to a 1-1 home draw against Toronto in their MLS clash on Sunday.
Inter Miami controlled more than two thirds of possession but was repeatedly denied in the second half by Johnson, who made nine saves during the match.
The result leaves Inter Miami second in the 15-team Eastern Conference standings with 14 points from six outings, a point behind Columbus but with a game in hand. Toronto is 14th with just three points so far.
…..
Tennis star Zverev criticizes Bayern for not keeping Muller around
Thomas Muller’s announced departure from Bayern Munich after this season has triggered a variety of emotional reactions.
Germany’s top-ranked male tennis player Alexander Zverev described it as “a poor performance of Bayern.” He said, “As a fan, it appears crazy not to keep him around.”
The 27-year-old expressed his significant disappointment at the departure of a “player that has been around for 20 years and was doing that good.” He sees no reason not to grant Muller another year if the player wishes to stay.
…..
China’s 14-year-old fencer Min wins first 2025 ISF Gymnasiade gold
China’s fencer Min Wenjun won the first gold medal of the 2025 ISF Gymnasiade in the women’s foil here on Sunday, while her teammate Liu Junhan added another gold for China in the men’s sabre.
Min, 14, from Beijing No. 35 Middle School, won by a score of 15-4 in the final against Sofia Garanina of Cyprus to collect her first gold medal at the Gymnasiade in her debut appearance.
The 1.75-meter-tall athlete took full advantage of her height and long reach to maintain an unbeaten record in the competition and secure the victory.