Connect with us

China

တရုတ်နိုင်ငံက တျောက်ယွီသောင်ရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသော ဂျပန်ရေယာဉ်ကို နှင်ထုတ်

တျောက်ယွီသောင်ကျွန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်ကမ်းခြေစောင့်တပ် (CCG) က တရုတ်နိုင်ငံ၏ တျောက်ယွီသောင်ကျွန်းရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သော ဂျပန်ငါးဖမ်းရေယာဉ် Tsurumaru ကို ဧပြီ ၂၈ ရက်၌ သတိပေးပြီး နှင်ထုတ်ရန် လိုအပ်သော အစီအမံများ လုပ်ဆောင်ခဲ့ကြောင်း CCG ပြောရေးဆိုခွင့်ရှိသူ ကျန်းလျွှဲ့က ပြောကြားခဲ့သည်။
တျောက်ယွီသောင်ကျွန်းနှင့် ၎င်း၏ဆက်စပ်ကျွန်းများမှာ တရုတ်နိုင်ငံ၏ ရှိရင်းစွဲနယ်မြေဖြစ်ကြောင်း ကျန်း က ထပ်လောင်းပြောကြားခဲ့ပြီး CCG သင်္ဘောများ၏ အဆိုပါလုပ်ဆောင်ချက်များမှာ တရားဥပဒေနှင့်အညီဖြစ်ကြောင်း ထောက်ပြခဲ့သည်။
“သက်ဆိုင်ရာရေပိုင်နက်တွေမှာ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရန်လိုတဲ့လုပ်ရပ်တွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့ ဂျပန်ဘက်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့သည်။
CCG အနေဖြင့် တျောက်ယွီသောင်ကျွန်းတစ်ဝိုက်ရှိ ရေပိုင်နက်များတွင် အခွင့်အရေးကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဟု ကျန်းက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
English Version
China expels Japanese boat intruding into Diaoyu Dao territorial waters
BEIJING, April 28 (Xinhua) — China Coast Guard (CCG) on Tuesday took necessary measures to warn and expel Japanese fishing boat Tsurumaru, which intruded into the territorial waters of China’s Diaoyu Dao, said CCG spokesperson Jiang Lue.
Diaoyu Dao and its affiliated islands are China’s inherent territory, Jiang reiterated, noting that CCG vessels’ operations were in accordance with the law.
“We urge the Japanese side to immediately stop all rights-violation and provocative acts in relevant waters,” the spokesperson stressed.
The CCG will continue to conduct rights protection and law enforcement operations in the waters around Diaoyu Dao, and resolutely safeguard China’s sovereignty and maritime rights and interests, Jiang added. ■
English Caption
Photo taken on Sept. 14, 2012 shows the Diaoyu Islands. (Xinhua/Zhang Jiansong)