Connect with us

Africa & Middle East

တရုတ်နိုင်ငံထုတ် လေယာဉ်များက လေကြောင်းကဏ္ဍကို မြှင့်တင်ပေးမည်ဟု ကမ္ဘာလုံးဆိုင်ရာ လေကြောင်းအဖွဲ့အစည်း ပြောကြား

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း လီမိတက် (COMAC) ၌ တရုတ်ပြည်တွင်းထုတ် ကိုယ်ထည်ကျယ် C929 လေယာဉ် ဒီဇိုင်နာချုပ်ဖြစ်သူ Zhao Chunling အား ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ၊ မေ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံထုတ် လေယာဉ်များမှာ လေကြောင်းကဏ္ဍကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ကြောင်း လေကြောင်းလိုင်းများကို ကိုယ်စားပြုသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့အစည်း (IATA) က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း လီမိတက် (COMAC) အနေဖြင့် စွမ်းဆောင်ရည်ကောင်းမွန်၍ ခေတ်မီသော လေယာဉ်များကို ထုတ်လုပ်လျက်ရှိပြီး ထိုလေယာဉ်များသည် လက်ရှိ ကမ္ဘာတစ်လွှား၌ ပြေးဆွဲနေသော လေယာဉ်များကို ယှဉ်ပြိုင်နိုင်မည့် အလားအလာရှိသော ရွေးချယ်စရာဖြစ်ကြောင်း IATA ညွှန်ကြားရေးမှူးချုပ် ဝီလီဝေါ့ရှ်က ကင်ညာနိုင်ငံ၏မြို့တော် နိုင်ရိုဘီတွင် မေ ၁၃ ရက်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံထုတ် လေယာဉ်တွေဟာ လေယာဉ်ဈေးကွက်မှာ အပြိုင်အဆိုင် မိတ်ဆက်တင်သွင်းလာမယ်လို့ မျှော်လင့်ရပြီး လေကြောင်းလုပ်ငန်းကဏ္ဍကိုလည်း အထွေထွေကုန်ကျစရိတ် ပိုမိုသက်သာစေမှာပါ” ဟု IATA Ground Handling Conference ၏ သီးခြားအစည်းအဝေးတစ်ခု၌ ဝေါ့ရှ်က ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံထုတ် လေယာဉ်တွေဟာ အဓိကအားဖြင့် တရုတ်ပြည်တွင်းနဲ့ တရုတ်နိုင်ငံရဲ့ တရားဝင်ထောက်ခံချက်ကို လက်ခံတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေမှာ ပြေးဆွဲပျံသန်းနေပါတယ်” ဟု ၎င်းက ဆိုသည်။
သုံးရက်ကြာ ကျင်းပခဲ့သည့် ယင်းအစည်းအဝေး၌ လေကြောင်းလိုင်းများ၏ ကိုယ်စားလှယ်များ၊ ကမ္ဘာတစ်ဝန်းမှ မူဝါဒရေးဆွဲသူများ တက်ရောက်ခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ လေကြောင်းဂေဟစနစ် ခိုင်မာကောင်းမွန်စေရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် စူလ်တန် အဗ္ဗဒူလ် အဇစ်ရှား လေဆိပ်၌ ပြသထားသော တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း လီမိတက် (COMAC) ထုတ် C919 အရပ်ဘက်သုံး လေယာဉ်တစ်စင်းအား ၂၀၂၄ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Global airlines body says Chinese aircraft to boost aviation sector
NAIROBI, May 14 (Xinhua) — The International Air Transport Association (IATA), the global trade association representing airlines, said on Tuesday that Chinese-made aircraft are expected to boost the aviation sector.
Willie Walsh, director general of the IATA, told Xinhua in the Kenyan capital of Nairobi that Commercial Aircraft Corporation of China, Ltd. (COMAC) is producing efficient and modern airplanes that are a viable alternative to those currently in operation worldwide.
“Chinese-made aircraft are expected to introduce competition in the airplane market and hence offer the airline industry more affordable acquisition costs,” Walsh said on the sidelines of an IATA Ground Handling Conference.
“The Chinese-made planes are principally flying in China and in neighboring Asian nations that accept Chinese certification,” he said.
The three-day meeting brought together airlines’ representatives and policymakers from around the world to discuss solutions to strengthen the global aviation ecosystem. ■
English Caption 1
Zhao Chunling, chief designer of China’s homegrown wide-body C929 aircraft at Commercial Aircraft Corporation of China, Ltd. (COMAC), is pictured at a research institute of COMAC in Shanghai, east China, March 5, 2025. (Xinhua/Liu Ying)
English Caption 2
This photo taken on March 13, 2024, shows a C919 commercial aircraft, manufactured by Commercial Aircraft Corporation of China, Ltd. (COMAC), on display at the Sultan Abdul Aziz Shah Airport in Selangor state, Malaysia. (Photo by Chong Voon Chung/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.