China
တရုတ်နိုင်ငံက မြေပြိုမှုဒဏ်ခံစားခဲ့ရသော ကွေ့ကျိုးပြည်နယ်အတွက် သဘာဝဘေးကယ်ဆယ်ရေး ရန်ပုံငွေ လျာထားသတ်မှတ်

ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်အတွက် ဗဟိုအစိုးရရန်ပုံငွေမှ သဘာဝဘေးကယ်ဆယ်ရေး ရန်ပုံငွေ ယွမ် သန်း ၃၀ (အမေရိကန်ဒေါ်လာ ၄.၁၇ သန်းခန့်) အား ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနတို့က မေ ၂၃ ရက်၌ လျာထားသတ်မှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ပံ့ပိုးရေး၊ ဘေးဒဏ်သင့်ဒေသခံများအား ပြန်လည်နေရာချထားရေး၊ လူသေဆုံးမှုများ လျှော့ချရန်နှင့် ဆုံးရှုံးမှုများ လျော့ကျစေရန် မမြင်နိုင်သော အန္တရာယ်များကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရေးအတွက် အသုံးပြုမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပိကျယ်မြို့၊ တာ့ဖောင်းခရိုင်၊ ကော်ဝါမြို့နယ်တွင် မေ ၂၂ ရက်က ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် လူ ၁၉ ဦး ပိတ်ပိနေကြောင်း သိရသည်။
ဘေးဒဏ်သင့်နေရာများအား ရန်ပုံငွေများ အချိန်မီထုတ်ပေးမှု သေချာစေရေး၊ ရန်ပုံငွေကြီးကြပ်မှု အားကောင်းရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် ကယ်ဆယ်ရေးရန်ပုံငွေများကို ထိထိရောက်ရောက်သုံးစွဲမှု သေချာစေရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒေသန္တရအာဏာပိုင်များကို ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့၊ တာ့ဖောင်းခရိုင်၊ ကော်ဝါမြို့နယ်၊ ချင့်ယန်ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China allocates disaster relief funds for landslide-hit Guizhou
BEIJING, May 23 (Xinhua) — China’s Ministry of Finance and Ministry of Emergency Management on Friday allocated 30 million yuan (about 4.17 million U.S. dollars) of disaster relief funds from central government funding for southwest China’s Guizhou Province.
The funds will be used to support search and rescue operations, relocate affected residents, eliminate risks, and carry out hidden danger investigations to minimize casualties and reduce losses, according to the Ministry of Finance.
On Thursday, a landslide struck Guowa township in Dafang County under the city of Bijie in Guizhou, trapping 19.
The Ministry of Finance instructed local authorities to ensure the timely disbursement of the funds to affected areas, strengthen fund oversight, and ensure the effective use of relief funds to protect people’s lives and property.
Photo 1, 2: An aerial drone photo taken on May 22, 2025 shows rescuers conducting rescue work after the landslide in Qingyang Village of Guowa Township in Dafang County of Bijie City, southwest China’s Guizhou Province. (Xinhua/Yang Wenbin)