Connect with us

China

တရုတ်နိုင်ငံ၏ တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် “မိတ်ဆွေအသိုက်အဝန်း” ၄၇ နိုင်ငံအထိ ကျယ်ပြန့်လာ

တရုတ်နိုင်ငံ ပေကျင်း တာ့ရှင်းလေဆိပ် ပြည်ဝင်-ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ ထွက်ခွာခဲ့ကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအား မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအား ဇွန် ၉ ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်မူဝါဒ စမ်းသပ်ကျင့်သုံးမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်နိုင်သော နိုင်ငံများသည် ၄၇ နိုင်ငံအထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်သည်။

၂၀၂၅ ခုနှစ် ဇွန် ၉ ရက်မှ ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်အထိ ဆော်ဒီအာရေဗျ၊ အိုမန်၊ ကူဝိတ်၊ ဘာရိန်းနိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ တရုတ်နိုင်ငံသို့ လာရောက်၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ခရီးသွားလည်ပတ်ခြင်း၊ ဆွေမျိုးမိတ်ဆွေများနှင့် လာရောက်တွေ့ဆုံခြင်း၊ ကူးလူးဖလှယ်မှု ခရီးစဉ်လာရောက်ခြင်း၊ ပြည်ဝင်ဖြတ်သန်းသွားလာမှု ရက်ပေါင်း ၃၀ မကျော်ခြင်းအတွက် ဗီဇာလျှောက်ထားရန်မလိုဘဲ ပြည်ဝင်နိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ဘက်စုံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရရှိထားသော GCC အဖွဲ့ဝင်နိုင်ငံ အာရပ်စော်‌ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် ကာတာနိုင်ငံ အပါအဝင် တရုတ်နိုင်ငံ၏ GCC အဖွဲ့ဝင်နိုင်ငံအပေါ် ဗီဇာကင်းလွတ်ခွင့်မှာ “အပြည့်အဝ လွှမ်းခြုံမှု” ကို ဖော်ဆောင်နိုင်ပြီဖြစ်သည်။

ဗီဇာကင်းလွတ်ခွင့်ရရှိသော “နာမည်စာရင်း” စဉ်ဆက်မပြတ် များပြားလာခြင်းက ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်လှစ်မှု စဉ်ဆက်မပြတ် တွန်းအားပေးရေးအတွက် တရုတ်နိုင်ငံ၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ထင်ဟပ်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယင်းမတိုင်မီ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်ဝင်ခွင့်မူဝါဒများကို ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်သလို ဗီဇာကင်းလွတ်ခွင့်နိုင်ငံများ အတိုင်းအတာကို စဉ်ဆက်မပြတ် တိုးချဲ့သွားမည်ဖြစ်ကာ ပိုမိုများပြားသော နိုင်ငံခြားမှ မိတ်ဆွေများ တရုတ်နိုင်ငံသို့ လာရောက်၍ ပိုမိုအရည်အသွေးကောင်းသော ထုတ်ကုန်ထောက်ပံ့မှုများ၊ ပိုမိုအမျိုးစုံလင်သော ဝယ်ယူသုံးစားမှု အခင်းအကျင်းများ၊ ပိုမိုအဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုအာမခံချက်များအား တွေ့ကြုံခံစားနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပိုမိုကြီးမားသော အတိုင်းအတာရှိသည့် တံခါးဖွင့်မှု၊ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ နိုင်ငံအသီးသီးနှင့် သာယာဝပြောမှုတွေကို မျှဝေခံစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
中国单方面免签“朋友圈”增至47国
新华社北京6月9日电(记者董雪)6月9日起,中方对沙特、阿曼、科威特、巴林持普通护照人员试行免签政策。至此,适用单方面免签政策来华国家已扩展至47个。
自2025年6月9日至2026年6月8日,沙特、阿曼、科威特、巴林持普通护照人员来华经商、旅游观光、探亲访友、交流访问、过境不超过30天,可免办签证入境。加上2018年全面互免签证的海合会成员国阿联酋和卡塔尔,中方已实现对海合会国家免签“全覆盖”。
外交部发言人此前表示,免签“名单”不断变长,彰显了中国持续推进高水平对外开放的坚定决心。中方将持续优化入境政策,不断扩大免签国家范围,让更多外国朋友来中国体验更优质的产品供给、更多元的消费场景和更便利的服务保障,以更大范围的开放、更深层次的合作与各国共享繁荣。(完)
图说:5月20日,国内外旅客从北京大兴机场出入境边防检查站出境。新华社记者 李欣 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.