International Organizations
၂၀၂၅ ခုနှစ် ဇွန် ၁၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချဲလ်ဆီးက LAFC ကို အနိုင်ရရှိ
အတ္တလန်တာမြို့ရှိ Mercedes Benz အားကစားကွင်း၌ ဇွန် ၁၆ ရက် ညပိုင်းက ချဲလ်ဆီးအသင်းနှင့် LAFC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွင် ချဲလ်ဆီးက ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။
ချဲလ်ဆီးအသင်းက ကစားပုံပိုမိုကောင်းမွန်သော်လည်း LAFC က ပြိုင်ဘက်အား ဂိုးသွင်းယူနိုင်ရန် အကြိတ်အနယ် ကြိုးစားခဲ့ပြီး အဆိုပါပွဲစဉ်၌ ချဲလ်ဆီးကစားသမားသစ် လေးဦးအနက် သုံးဦးမှာ အရန်လူစာရင်း၌ ပါဝင်လာခဲ့သည်။
ပွဲကြည့်စင်ပေါ်တွင် ထိုင်ခုံလွတ်အများအပြားရှိနေသည့် အဆိုပါပွဲစဉ်၌ LAFC က ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ချဲလ်ဆီးအသင်း အသည်းအသန်ကစားခဲ့ရသော်လည်း ပွဲကစားချိန် ၁၅ မိနစ် ကျော်လွန်လာချိန်တွင် ကွန်ဖရန့်စ်လိဂ်ချန်ပီယံက ကွင်းလယ်ကို ပြန်လည်စိုးမိုးထားနိုင်ခဲ့သည်။
ကိုးလ် ပါလ်မာနှင့် နစ်ကိုးလပ်စ် ဂျက်ခ်ဆင်တို့ ပိုမိုအတွဲအဖက်မိလာလေ ချဲလ်ဆီး၏ကစားပုံမှာ ပိုမိုကြောက်စရာကောင်းလာလေဖြစ်ကာ ကျောနံပါတ်-၁၀ ဝတ်ဆင်ထားသော ပါလ်မာက ပွဲချိန် မိနစ် ၂၀ အကျော်တွင် ဝေ့ဝိုက်ကန်ချက်ဖြင့် ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်။
ပွဲကစားချိန် ၃၄ မိနစ်တွင် ချဲလ်ဆီးအသင်း အဖွင့်ဂိုးရရှိသွားပြီး ဂျက်ခ်ဆင်၏ သေသေသပ်သပ် ပေးပို့မှုမှတစ်ဆင့် ပက်ဒရို နက်တိုက ၎င်းကိုလူကပ်ထားသည့် ပြိုင်ဘက်နောက်ခံလူကို ကျော်ဖြတ်ကာ ဂိုးသမား ဟူဂို လောရစ်စ်နှင့် ရင်ဆိုင်အတွေ့တွင် တည်တည်ငြိမ်ငြိမ် အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ပွဲကစားချိန် ၆၄ မိနစ်တွင် ချဲလ်ဆီးအသင်းက ယခုနွေရာသီ၌ အသစ်ခေါ်ယူထားသော ကစားသမားတစ်ဦးဖြစ်သည့် လီယမ် ဒီလက်ပ်ကို ဂျက်ခ်ဆင်၏နေရာတွင် ထည့်သွင်းကစားခဲ့သည်။ ဒီလက်ပ်အနေဖြင့် ချဲလ်ဆီးအတွက် ပွဲဦးထွက်ကစားခဲ့သည့် ပွဲစဉ်၌ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၎င်း၏ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် အန်ဇို ဖာနန်ဒက်ဇ်က အနီးကပ်ပိတ်သွင်း၍ အနိုင်သေချာစေမည့်ဂိုးကို သွင်းယူခဲ့သည်။
…..
— မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူချင်ကြောင်း မန်စီးတီးကစားသမားသစ် ချာကီ ပြော
မန်ချက်စတာစီးတီးအသင်းမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကာ အသင်း၏ ကစားသမားသစ် လေးဦးဖြစ်သော ရာယန် ချာကီ၊ ရာယန် အေ့ထ်-နူရီ၊ တိုင်ဂျန်နီ ရိုင်နာစ်နှင့် ဂိုးသမားဖြစ်သူ မားကက်စ် ဘက်တီနယ်လီတို့လည်း အသင်းနှင့်အတူ လိုက်ပါလာခဲ့သည်။ သို့သော် မော်ရိုကိုကလပ် Wydad AC နှင့် ဇွန် ၁၈ ရက် အဖွင့်ပွဲစဉ်မတိုင်မီ ကွင်းလယ်တိုက်စစ်ကစားသမား ချာကီအား ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်နေသည်။
ချာကီ၏ မှတ်ချက်စကားမှာ မန်စီးတီးပရိသတ်များအတွက် ကျေနပ်စရာဖြစ်သော်လည်း ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်း ပရိသတ်များကမူ ၎င်း၏ မှတ်ချက်စကားကို ကြိုဆိုကြလိမ့်မည်မဟုတ်ပေ။
အဆိုပါ ပြင်သစ်သားမှာ လိုင်ယွန်အသင်းတွင် ကစားခဲ့စဉ်က အိုးလ်ထရက်ဖို့ဒ်၌ ယူနိုက်တက်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်၌ နာကျင်အချိန်ပိုတွင် သုံးဂိုးအသွင်းခံခဲ့ရပြီး ၅-၄ ဂိုး (နှစ်ကျော့ပေါင်းရလဒ် ၇-၆ ဂိုး) ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ချာကီမှာ ယူနိုက်တက်အား နှစ်ကျော့စလုံးတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ထိုသို့ ရှုံးနိမ့်ခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း၊ ယင်းအတွက် ပြန်လည်လက်စားချေလိုကြောင်း ဝန်ခံပြောဆိုထားသည်။
“အဲဒီတုန်းက ကျွန်တော်က လိုင်ယွန်ကစားသမားဖြစ်တာမို့ အဲဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အနိုင်ရသွားတာကို သဘောမကျပါဘူး။ အခု ကျွန်တော် သူတို့ကို ပြန်ပြီးအနိုင်ယူဖို့ စောင့်မျှော်နေပါတယ်” ဟု ချာကီက ပြောကြားခဲ့သည်။
…..
— နည်းပြဖြစ်သူ ဇူဘယ်လ်ဒီယာနှင့် ဆော်ပေါ်လိုအသင်း လမ်းခွဲ
ဘရာဇီး စီးရီးအေ ဘောလုံးရာသီသစ် စတင်ချိန်တွင် ရလဒ်များ ဆိုးရွားနေမှုကြောင့် အာဂျင်တီးနားလူမျိုး နည်းပြဖြစ်သူ လူးဝစ်စ် ဇူဘယ်လ်ဒီယာအား ရာထူးမှထုတ်ပယ်လိုက်ကြောင်း ဆော်ပေါ်လိုအသင်းက ဇွန် ၁၆ ရက်၌ ကြေညာခဲ့သည်။
ဆော်ပေါ်လိုအသင်းမှာ အသင်း ၂၀ ပါဝင်သော ဘရာဇီးထိပ်တန်းလိဂ်တွင် အဆင့်-၁၄ သို့ ရောက်ရှိနေပြီး ၁၂ ပွဲ ကစားထားရာတွင် ၂ ပွဲသာ အနိုင်ရရှိခဲ့သည်။ သို့သော် ဆော်ပေါ်လိုအနေဖြင့် ကိုပါလစ်ဘာတာဒိုးရက်စ် ပြိုင်ပွဲတွင် ပိုမိုခြေစွမ်းပြနိုင်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ ဩဂုတ်လအတွင်း ကိုလံဘီယာကလပ် အက်သလက်တီကို နေစီယွန်နယ်နှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်မည်ဖြစ်သည်။
“အခင်အမင်မပျက်စေတဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ လူးဝစ်စ် ဇူဘယ်လ်ဒီယာဟာ အသင်းကို ဆက်လက်ကိုင်တွယ်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ဆော်ပေါ်လိုအသင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
…..
— WTA ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ကျိန့်ချင်းဝန် အဆင့်-၄ သို့ ရောက်ရှိလာ
လတ်တလော ထုတ်ပြန်ခဲ့သည့် WTA အဆင့်သတ်မှတ်ချက်အရ တရုတ်တင်းနစ်အကျော်အမော် ကျိန့်ချင်းဝန်မှာ ကစားသမားဘဝတစ်လျှောက် အမြင့်ဆုံးအဖြစ် ကမ္ဘာ့အဆင့်-၄ နေရာသို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ ပြီးခဲ့သည့် သီတင်းပတ်၌ ဝင်ဘယ်ဒန်ပြိုင်ပွဲအကြို အဓိက မြက်ခင်းကွင်းပြိုင်ပွဲဖြစ်သည့် Queen’s Club Championships တင်းနစ်ပြိုင်ပွဲ၌ လက်စွမ်းပြနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ အဆင့်တက်လာခဲ့ခြင်းဖြစ်သည်။
အိုလံပစ်ချန်ပီယံ ကျိန့်မှာ အဆိုပါပြိုင်ပွဲ၌ အိမ်ရှင်ပရိသတ်များ၏ အချစ်တော် အမ်မာ ရာဒူကာနူကို ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိကာ ၎င်း၏ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြက်ခင်းကွင်းပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)
……………………………………………………………………………………………
(English Version)
Chelsea beats LAFC at Club World Cup
Chelsea kicked off its Club World Cup campaign with a comfortable 2-0 win against LAFA in a half-empty Mercedes Benz Stadium in Atlanta.
Chelsea was the better side, although LAFC looked to move the ball around against a rival that started the match with three of its four new signings on the bench.
Chelsea had to withstand a bright start from LAFC in a ground where there were far too many empty seats, but after around 15 minutes the Conference League champions began to get control of midfield.
The more Cole Palmer and Nicolas Jackson got involved, the more danger Chelsea created, with Palmer, now wearing the number 10 shirt, curled an effort just after 20 minutes.
Jackson was involved in the opening goal with a smart pass to Pedro Neto, who left his marker on the floor before beating Hugo Lloris with a cool finish in the 34th minute.
Chelsea brought Liam Delap, one of the club’s summer signings on for Jackson in the 64th minute and Delap capped his debut with an assist as he whipped in a cross for Fernandez to score from close range to secure the win.
…..
New Man City signing Cherki: I want to kill Man Utd
Manchester City have arrived in the United States for the Club World Cup with four new signings: Rayan Cherki, Rayan Ait-Nouri, Tijjani Reijnders and goalkeeper Marcus Bettinelli. But it is attacking midfielder Cherki who is drawing the most attention ahead of Wednesday’s opening match against Morocco’s Wydad AC.
While Cherki’s comments have endeared him to City fans, they are unlikely to be welcomed by rivals Manchester United.
The Frenchman was part of the Olympique Lyon side that collapsed at Old Trafford in the Europa League quarterfinals, conceding three goals in injury time to lose 5-4 on the night and 7-6 on aggregate.
Cherki scored in both legs and admitted both his frustration at the defeat and his desire for revenge.
“I didn’t like it when Manchester United won the game against Lyon because I am from Lyon. Now I am waiting for the game to kill them,” he said.
…..
Sao Paulo parts ways with manager Zubeldia
Sao Paulo has sacked Argentine manager Luis Zubeldia after a poor start to the Brazilian Serie A season, the club said on Monday.
Sao Paulo is currently 14th in Brazil’s 20-team top-flight standings with just two wins from 12 games so far. The club has fared better in the Copa Libertadores, finishing top of its group to advance to the last 16, where it will meet Colombia’s Atletico Nacional over two legs in August.
“By mutual agreement and in an amicable manner, it was decided that Luis Zubeldia will not remain in charge of the team,” Sao Paulo said in a statement on its official website.
…..
Zheng Qinwen ascends to caree-high world No. 4 ranking
Chinese tennis star Zheng Qinwen has climbed to a career-high world No. 4 in the latest WTA rankings.
The 22-year-old’s rise was fueled by a strong showing at the Queen’s Club Championships last week, a key grass-court warm-up event ahead of Wimbledon.
Zheng, the reigning Olympic champion, reached the semifinals on grass for the first time in her career, highlighted by a 6-2, 6-4 win over home favorite Emma Raducanu.