Connect with us

China

ဟဲနန်ပြည်နယ် ရှီးရှာခရိုင်တွင် သဘာဝဘေးပြီးနောက် ကူညီကယ်ဆယ်ရေးမြင်ကွင်းများ

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် နန်ယန်မြို့ ရှီးရှာခရိုင် လျှပ်စစ်ဓာတ်အားဌာနမှ ဝန်ထမ်းများ ထိုက်ဖိန်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းများ အရေးပေါ်ပြုပြင်နေသည်ကို ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် နန်ယန်မြို့ ရှီးရှာခရိုင် ထိုက်ဖိန်မြို့နယ်၊ အယ့်လမ်ဖိန်မြို့နယ်တို့တွင် ဇွန် ၃၀ ရက် ည ၉ နာရီမှ ၁၂ နာရီအထိ ရေတို အစွန်းရောက်သော မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပွားခဲ့သည်။ မိုးရေချိန်မှာ ၂၀၈.၃ မီလီမီတာ အထိရှိခဲ့ပြီး ဖြစ်စဉ်အတွင်း မိုးရေချိန်စုစုပေါင်းမှာ ၂၂၅.၃ မီလီမီတာရှိခဲ့ရာ ရှယ်ဝေမြစ် မြစ်အောက်ပိုင်းတွင် ရေများအပြင်းအထန်မြင့်တက်လာခဲ့ခြင်းကြောင့် အဆောက်အအုံတချို့ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။

လက်ရှိအချိန်ထိ ခရိုင်တစ်ဝန်း ကူညီကယ်ဆယ်ရေးသမား ၁,၀၀၀ ကျော်ပါဝင်ဆောင်ရွက်ခဲ့ရာ ပိတ်မိနေသော ပြည်သူ ၂ ဦးအား ကယ်တင်နိုင်ခဲ့ပြီး ၅ ဦး သေဆုံးခဲ့ကြောင်း၊ အဆက်အသွယ်မရသူ ၃ ဦးအား အစွမ်းကုန် ရှာဖွေကယ်ဆယ်နေပြီး လမ်းတချို့နှင့် လျှပ်စစ်ဓာတ်အားအဆောက်အအုံများ အရေးပေါ်ပြန်လည်ပြုပြင်ရေးအား အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် နန်ယန်မြို့ မီးသတ်ကူညီကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင်များက အယ့်လမ်ဖိန်မြို့နယ်အနီးနားရှိ မြစ်ကမ်းတစ်လျှောက်တွင် အဆက်အသွယ်မရသူများအား ရှာဖွေနေသည်ကို ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
河南西峡:灾后救援
新华社照片,郑州,2025年7月2日
6月30日21时至24时,河南省南阳市西峡县太平镇、二郎坪镇遭遇短时极端强降雨,雨量达208.3毫米,过程累计降雨量达225.3毫米,导致下游蛇尾河猛涨,部分设施损毁。截至目前,全县参与救援人员1000余人,已有2名被困群众获救,5人遇难,正在全力搜救3名失联人员,加紧抢修恢复部分道路、电力设施。
图说1:7月2日,西峡县电力部门工作人员在太平镇抢修电路。 新华社记者 郝源 摄
图说2:7月2日,河南南阳消防救援支队队员在二郎坪镇附近沿河搜寻失联人员。新华社记者 郝源 摄