International Organizations
မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းတွင် အာဆင်နယ်ကို ဆက်လက်ဖိအားပေး
လန်ဒန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
မေ ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်၌ မန်ချက်စတာစီးတီးက ဘရန့်ဖို့ဒ်ကို အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ယူကာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်ကို ဆက်လက်ဖိအားပေးလျက်ရှိသည်။
ယခုအနိုင်ရလဒ်ကြောင့် ပက်ပ် ဂွါဒီယိုလာ၏ အသင်းမှာ အာဆင်နယ်နှင့် နှစ်မှတ်အကွာတွင် ရပ်တည်နေကာ အာဆင်နယ်ကမူ မေ ၁၀ ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ထိုပွဲစဉ်မှာ ချန်ပီယံဆုအတွက်ရော တန်းဆင်းဇုန်တိုက်ပွဲအတွက်ပါ အလွန်အရေးပါသည့် ပွဲစဉ်တစ်ပွဲလည်းဖြစ်သည်။ပွဲချိန်မိနစ် ၆၀ တွင် ဂျယ်ရမီ ဒိုကူက ဘယ်ခြမ်းမှ အတွင်းသို့ချိုးဝင်ကာ အဝေးထောင့်ဆီသို့ ကန်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပုံမှန်ပွဲကစားချိန် ပြီးဆုံးရန် ၁၅ မိနစ်အလိုတွင် ညာခြမ်းမှပေးပို့မှုကို အာလင် ဟာလန်းက ရှုပ်ယှက်ခတ်နေသည့်ကြားမှ အနီးကပ်ပြေးဝင်ပိတ်သွင်း၍ ဒုတိယဂိုးသွင်းယူခဲ့သည်။

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က မန်ချက်စတာစီးတီးနှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ အာလင် ဟာလန်း ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
နာကျင်အချိန်ပိုတွင် အိုမာ မာမွတ်ရှ်က ထောင့်ဖြတ်ကန်သွင်း၍ စီးတီးအတွက် တတိယဂိုးသွင်းယူခဲ့သည်။လီဗာပူးလ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့၏ပွဲစဉ်မှာမူ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ရိုင်ယန် ဂရာဗင်ဘာ့ချ်က ပွဲချိန် ၆ မိနစ်တွင် ဝေ့ဝိုက်ကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးရန် ၁၀ မိနစ်အလိုတွင် အန်ဇို ဖာနန်ဒက်ဇ်က ဖရီးကစ်မှတစ်ဆင့် ချဲလ်ဆီးအတွက် ချေပဂိုးသွင်းယူခဲ့သည်။ဒုတိယပိုင်းပွဲချိန် အစောပိုင်းတွင် ချဲလ်ဆီးတောင်ပံကစားသမား ကိုးလ် ပါလ်မာမှာ သွင်းဂိုးတစ်ဂိုး ရရှိခဲ့သော်လည်း အနည်းငယ်လူကျွံနေသည့်အတွက် ပယ်ဖျက်ခံခဲ့ရသလို လီဗာပူးလ်အသင်း၏ ဂိုးကန်သွင်းမှုများမှာလည်း နှစ်ကြိမ်တိုင်တိုင် တိုင်ထိထွက်ခဲ့သည်။

ယခုပွဲစဉ်၌ သရေရလဒ် ရရှိခဲ့သည့်အတွက် ချဲလ်ဆီးအသင်းမှာ မန်ချက်စတာစီးတီးအသင်းနှင့် အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်မီ တစ်ပတ်အလို၌ ပရီးမီးယားလိဂ်တွင် ၆ ပွဲဆက် ရှုံးပွဲကြုံတွေ့မှုကို ရပ်တန့်နိုင်ခဲ့သည်။
ဆန်းဒါးလန်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့၏ ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ပြီး အဆိုပါပွဲစဉ်၌ နှစ်သင်းစလုံးမှာ ဂိုးသွင်းခွင့်များ ကိုယ်စီရရှိခဲ့သည်။ ယူနိုက်တက်အနေဖြင့် အဆင့်-၃ ၌ ဆက်လက်ရပ်တည်နေပြီး လီဗာပူးလ်ကို ၆ မှတ်ဖြတ်ထားနိုင်ဆဲဖြစ်သည်။
ဖူလ်ဟမ်အသင်းနှင့် ဘုန်းမောက်အသင်း၏ ပွဲစဉ်၌ နှစ်သင်းစလုံးမှ ကစားသမားတစ်ဦးစီ ထုတ်ပယ်ခံခဲ့ရပြီး ဘုန်းမောက်အသင်းဘက်တွင် ရိုင်ယန် ခရစ္စတီး၊ ဖူလ်ဟမ်အသင်းဘက်တွင် ယိုအာချင်မ် အန်ဒါဆန်တို့ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။အဆိုပါပွဲစဉ်၌ ရာယန်မှာ ပုံစံကောင်း ဆက်လက်ပြသနိုင်ခဲ့ပြီး ပွဲချိန် ၅၃ မိနစ်တွင် ဘုန်းမောက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သဖြင့် ဘုန်းမောက်၏ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်များ ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။
ဘရိုက်တန်အသင်းက အမှတ်ပေးဇယားအောက်ဆုံးမှ ဝူလ်ဗာဟမ်တန်အသင်းကို ပွဲအစပိုင်း ၅ မိနစ်အတွင်း သွင်းယူခဲ့သည့် ဂျက်ခ် ဟင်ရှယ်ဝုဒ်နှင့် လူးဝစ်စ် ဒန့်ခ်တို့၏ သွင်းဂိုးများကြောင့် အိမ်ကွင်း၌ ၂ ဂိုးအသာဖြင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့သည်။ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၄ မိနစ်အလိုတွင် ယန်ကူဘာ မင်တားက တတိယဂိုးသွင်းယူခဲ့သဖြင့် ဘရိုက်တန်အသင်းမှာ အဆင့်-၇ သို့ တက်လှမ်းနိုင်ခဲ့သည်။ (Xinhua)
………………………………………………….
(English Version)
Manchester City keeps pressure on Arsenal in Premier League title race
LONDON, May 10 (Xinhua) — Manchester City kept the pressure on leader Arsenal in the Premier League with a 3-0 win at home to Brentford on Saturday.
The win leaves Pep Guardiola’s side two points behind Arsenal, who visits West Ham United in a vital game for the title and the relegation battle on Sunday.
Jeremy Doku opened the scoring in the 60th minute when he cut inside from the left and scored with a shot into the far corner of the net, and Erling Haaland doubled the lead when he bundled home a ball from the right with 15 minutes left.
Omar Marmoush hit the third goal with an angled shot across the face of goal in injury time.
Liverpool drew 1-1 with Chelsea. Ryan Gravenberch scored in the sixth minute with a curling shot, and Enzo Fernandez equalized for Chelsea from a free kick 10 minutes from halftime.
Chelsea winger Cole Palmer had a goal ruled out for a tight offside early in the second half, while Liverpool hit the woodwork twice.
With the draw, Chelsea ends a six-game losing streak in the league, a week before it plays Manchester City in the FA Cup final.
Sunderland and Manchester United drew 0-0 in a game where both sides had chances to score. Manchester United remains third and retains its six-point lead over Liverpool.
Fulham and Bournemouth were both reduced to 10 men, with Ryan Christie sent off for Bournemouth and Joachim Anderson for Fulham.
Rayan continued his excellent recent form to score the only goal of the game in the 53rd minute to give Bournemouth a 1-0 win that keeps its Champions League hopes alive.
Brighton raced into a 2-0 lead at home to bottom side Wolverhampton with goals from Jack Hinshelwood and Lewis Dunk in the first five minutes.
Yankuba Minteh added a third with four minutes left to play to lift Brighton up to seventh.
English Caption 1
Jeremy Doku (L) of Manchester City celebrates scoring during the FA Cup Semifinal match between Manchester City and Southampton in London, Britain, on April 25, 2026. (Xinhua)
English Caption 2
Manchester City’s Erling Haaland celebrates after scoring the second goal during the English Premier League match between Manchester City FC and Everton FC in Manchester, Britain, on Oct. 18, 2025. (Xinhua)
English Caption 3
Liverpool’s Ryan Gravenberch applauds the supporters after the English Premier League match between Liverpool FC and Aston Villa FC in Liverpool, Britain, on Nov. 1, 2025. (Xinhua)
