Media
နေတန်ယာဟုက ဟားမက်စ်အား “အမြစ်ဖြတ် ဖယ်ရှားမည်” ဟု ဆို
ဂျေရုဆလမ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၂ ရက်တွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အား “အမြစ်ဖြတ် ဖယ်ရှားမည်” ဟု ဆိုခဲ့သည်။ ထိုမတိုင်မီ ရှေ့တစ်ရက်တွင် အမေရိကန် သမ္မတ ထရမ့်က အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက် ရရှိရန်အတွက် လိုအပ်သည့်တောင်းဆိုချက်များအား သဘောတူညီခဲ့သည်ဟု ပြောကြားခဲ့သည်။
“ဟားမက်စ်က ရှိတော့မှာမဟုတ်ဘူး။ သူတို့ ပြီးဆုံးသွားပြီ။ ကျွန်တော်တို့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အစ္စရေးဘက်က လူအားလုံးကို ကယ်ဆယ်ပြီး ဟားမက်စ်ကို အမြစ်ဖြတ် ဖယ်ရှားသွားမှာပါ” ဟု နေတန်ယာဟုက ထိုနေ့တွင် အစ္စရေးနိုင်ငံ တောင်ပိုင်းမြို့ Ashkelon ၌ ကျင်းပသည့် အခမ်းအနားတစ်ခုအတွင်း ပြောကြားခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် သတင်းအရ သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဇူလိုင် ၁ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ အခြေအနေနှင့် စပ်လျဉ်း၍ အချိန်ကြာရှည်စွာ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး အစ္စရေးက ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက် ရရှိရန်အတွက် လိုအပ်သည့်တောင်းဆိုချက်အား သဘောတူညီကြောင်း၊ ကာတာနှင့် အီဂျစ်တို့က သဘောတူညီချက် နောက်ဆုံးဗားရှင်းအား တင်ပြသွားမည်ဖြစ်ကြောင်း ထရမ့်က ထိုနေ့တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ရုံး ထုတ်ပြန်သည့်သတင်းတွင် နေတန်ယာဟုက ထရမ့်၏ပို့စ်အား တုံ့ပြန်ပြောကြားခဲ့ခြင်း မရှိပေ။ အစ္စရေးဘက်ကတပ်များဆုတ်ခွာပြီး ဂါဇာဒေသပြည်သူများအား အရေးပေါ်အကူအညီများ ပေးအပ်သည့် သဘောတူညီချက်တစ်ခု ရရှိနိုင်ရန်အတွက် ဟားမက်စ်အနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေး စေ့စပ်ညှိနှိုင်းမှုဘက်၏ အကြံပြုမှုကို ဆွေးနွေးလျက်ရှိကြောင်း ဟားမက်စ်ဘက်က ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
内塔尼亚胡称要将哈马斯“连根铲除”
新华社耶路撒冷7月3日电 以色列总理内塔尼亚胡2日称,要将巴勒斯坦伊斯兰抵抗运动(哈马斯)“连根铲除”。此前一天,美国总统特朗普表示,以色列同意达成加沙地带60天停火协议的必要条件。
据以色列总理办公室发布的消息,内塔尼亚胡当天在以色列南部城市阿什凯隆的一场活动中说:“哈马斯将不复存在,它完了。我们将解救以色列所有被扣押人员,将哈马斯连根铲除。”
特朗普1日在社交媒体上发文说,美以当天就加沙地带局势进行长时间会谈,以色列同意达成60天停火协议的必要条件,卡塔尔和埃及将提交协议的最终文本。
以色列总理办公室发布的消息中,内塔尼亚胡未回应特朗普的帖文。哈马斯方面则发表声明说,哈马斯正与有关各方开展磋商,讨论加沙地带停火谈判斡旋方的提议,以达成一项实现以色列方面撤军并向加沙民众提供紧急援助的协议。(完)