မြန်မာ-中文
၂၀၂၅ ခုနှစ် ဂေဟယဉ်ကျေးမှု ကွေ့ယန် နိုင်ငံတကာဖိုရမ် ဖွင့်လှစ်

ကွေ့ယန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဂေဟယဉ်ကျေးမှု ကွေ့ယန် နိုင်ငံတကာဖိုရမ်ကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့၌ ဇူလိုင် ၅ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် ဖိုရမ်ခေါင်းစဉ်မှာ “လူသားနှင့် သဘာဝကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း- ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ပြောင်းရေး ဖွံ့ဖြိုးတိုးတက်မှု အတူတကွ ဆွေးနွေးခြင်း” ဖြစ်ပြီး ဖိုရမ်ကာလအတွင်း ကွင်းဆင်းလေ့လာကြည့်ရှုခြင်း၊ အစိမ်းရောင် ရင်းနှီးမြှုပ်နှံခြင်းစသည့် လှုပ်ရှားမှုများနှင့် ဖိုရမ်လက်ခံကျင်းပသောပြည်နယ်ဆိုင်ရာ လှုပ်ရှားမှုများ ကျင်းပမည်ဖြစ်သည်။
“ကမ္ဘာလုံးဆိုင်ရာ ဂေဟယဉ်ကျေးမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အတူဖန်တီးခြင်း”၊ “ရာသီဥတုပြောင်းလဲမှုများ တုံ့ပြန်ခြင်း”၊ “ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ခြင်း” နှင့် “ကဏ္ဍစုံလင် ဟန်ချက်ညီညီ စီမံခန့်ခွဲခြင်း” ဟူသော ကဏ္ဍလေးခုနှင့် စပ်လျဉ်း၍ အကြောင်းအရာအလိုက် ဖိုရမ် စုစုပေါင်း ၂၀ ခု ထားရှိသည်။ (Xinhua)

၂၀၂၅ ခုနှစ် ဂေဟစနစ်ယဉ်ကျေးမှု ကွေ့ယန် နိုင်ငံတကာဖိုရမ် အမှတ်တံဆိပ်ကို ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ဂေဟဗေဒယဉ်ကျေးမှု ကွေ့ယန် နိုင်ငံတကာဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
2025年生态文明贵阳国际论坛开幕
新华社照片,贵阳,2025年7月5日
当日,2025年生态文明贵阳国际论坛在贵州省贵阳市开幕。本届论坛主题为“人与自然和谐共生——共商全球发展绿色转型”,期间将举行场外参观、绿色招商等活动和主宾省系列活动,围绕“共谋全球生态文明与可持续发展”“应对气候变化”“生物多样性保护”“多元协同治理”4个板块,共设置20个主题论坛。
图说1/2:这是7月5日拍摄的2025年生态文明贵阳国际论坛标识。新华社记者 杨文斌 摄
图说3:这是7月5日拍摄的2025年生态文明贵阳国际论坛开幕式现场。新华社记者 杨文斌 摄